Professional Authors

ရင်ခွင်ပျောက်သူ

ခံစားချက်ဆိုတဲ့အရာကို

ထိန်းချုပ်လို့ ရခဲ့မယ်ဆိုရင်

ငါတော့မီးနဲ့ဆော့ကစား မိခဲ့လိမ့်မယ် မဟုတ်ပေဘူး

လေပူတွေကြီးစိုးနေတဲ့

ဆောင်းမဆန်တဲ့ နေ့လည်ခင်းမှာ

နှင်းစက်တွေကို မျှော်လင့်မိတာ

ငါသိပ်ရူးနေခဲ့လို့ပေါ့ ……….

အလွမ်း ………. စကြ၀ဠာ အပြင်ဘက်အထိ

ခြေဆန့်လွန်းချင်တဲ့ အလွမ်း

အခုတော့ နှလုံးသားတစ်ခုရဲ့

ချောင်တစ်ချောင်မှာ မှောင်ရိပ်ခိုရင်း

ငိုရှိုက်နေလေရဲ့ ……………

စိတ်အလိုအတိုင်း ရွက်လွှင့်နိုင်မှတော့ကွယ်

ငါ့ပုံရိပ်တွေ နင်မှတ်မိနေလောက်မှာပေါ့

ဒီအချိန်မှတော့

ခံစားချက်တွေက

ကမ္ဘာခြားနေတယ်ဆိုတဲ့ အသိကို

ကျော်မလွှားသွားနိုင်တာ ဆိုးရွားလွန်းနေတဲ့

ကြမ္မာကြောင့်ပေါ့ ……………

အတိတ်ဆိုတာကိုလည်း

အသုံးမလိုတဲ့ ပစ္စည်းတစ်ခုလို

စတိုခန်းထဲမှာ ထည့်ချောင်ထိုးထားလိုက်ချင်တရ် ……….

သူပိုင်ဆိုင်ခဲ့ဖူးတဲ့

ပျော်ရွှင်မှုတစ်စုံတစ်ရာအတွက်

အပြစ်တွေကိုဆေးကြောပေးဖို့ပေါ့ …………

လွမ်းရဲမှတော့

ငါ့နှလုံးသားများ သေဆုံးသွားမလား

ခံစားတတ်တဲ့ စိတ်ဝိညာဉ်များ

အငွေ့ပျံတက်သွားမလားဆိုတာကို

ဂရုမစိုက်လိုတော့ပါဘူး

အမှောင်မှာ ကျင့်သားရနေတဲ့

မျက်ဝန်းတစ်စုံကို အားနာမယ်ဆိုရင်တောင်

လင်းလက်လာမယ့် အရုဏ်ဦးကိုလည်း

တောက်ပတဲ့ အပြုံးတစ်ခုနဲ့

လက်ကမ်းသင့်တယ် မဟုတ်ပါလား………………….

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

အားပေးသွားပါတယ် apollo

commentinfo By: genius.jinx28 at Feb 6, 2011
Comment #2

ဒီအချိန်မှတော့

ခံစားချက်တွေက

ကမ္ဘာခြားနေတယ်ဆိုတဲ့ အသိကို

ကျော်မလွှားသွားနိုင်တာ ဆိုးရွားလွန်းနေတဲ့

ကြမ္မာကြောင့်ပေါ့ ……………
…………………………………
အားပေးသွားတယ်…… 😀

commentinfo By: အသဲကွဲမိုး at Feb 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment