Professional Authors

အဖမဲ့သား (ပိုင်စိုးဝေ)

ကဗျာကို
အမိလိုမြတ်နိုးခဲ့၏
ဆရာဇော်ဂျီကို
အဖလို ယုံကြည်ကိုးကွယ်ခဲ့ပါသည်။
ဆရာနဲ့ကဗျာသည်
အကြင်လင်မယား
အမိအဖနှစ်ပါး
ကျွန်တော်သည်ကား
ကဗျာဆရာ လူချောလူလှ
သားကြီးသြရသ။

ယခုမူ
ဖခင်ဆုံးပါး
ကွယ်လွန်သွား၏
ကျန်ရစ်သည့်ကဗျာအမေ
မုဆိုးမဖြစ်ရချေပြီ။

ပိုင်စိုးဝေ
၁၄၊၁၀၊၁၉၉၀
ရွှေဝတ်ရည် မဂ္ဂဇင်း အမှတ် (၅)

Leave Comments

Name*

Email*
Website
Email me whenever there is new comment