Professional Authors

“အဖြူပျက်”

ဒီကနေ.ရောင်နီအလင်းမှာလဲ နင်.အတွက်ချစ်ခြင်းတွေပါလာတယ်။
ငါမြတ်နိုးတဲ. နှင်းဆီငယ်…
ရဲရင်.တဲ. နင်.အပြုံးမှာ ငါ.ဘ၀င်နားခိုစေဦးတော.
တံလျှပ်ဆိုတာ ရေမှမဟုတ်ပဲငယ်ရယ်…။
နှလုံးသားခွါသံစည်းချက်အတိုင်းသာ စီးမြောကခုန်မိခဲ.ရင်
နင်.မျက်ဝန်းထောင်.စွန်းလေးထဲက
သံယောဇဉ်အပိုင်းအစတွေကိုကျစ်…ပြီး
ငါ.နှလုံးသားကို ကြိုးပေးရလိမ်.မယ်။
ဆောင်းညအိပ်မက်တွေထဲမှာတောင်
ယောင်လို.မပွင်.လန်းခဲ.ဖူးတဲ. ချစ်ခြင်းဖွဲ.နှင်းဆီရယ်
နှလုံးသွေးနဲ.ရေးတဲ. ငါ.ကဗျာယစ်ပုလ္လင်ထက်မှာလဲ
ထာဝစဉ်ဖူးငုံပါတော.ကွယ်။
အတူဆိုခဲ.ဖူးတဲ. တေးသွားသံစဉ်တချို.ကို
ဆွတ်ပျံ.ပျံ.အလွမ်းညတစ်ညမှာပြန်ကာဆိုညည်းရင်း
အဖြစ်သင်.ဆုံးကိုငါဆုံးဖြတ်တယ်။
သံယောဇဉ်ကိုတင်းတင်းရစ် အချစ်ဆိုတာကိုလျစ်လျူရှုလို.
ဒီဘ၀ဆုံးတဲ.အချိန်တွေထိတော. ငါလေ…
သူငယ်ချင်း… လို.ပဲ ဆက်လို.ခေါ်မယ် ငယ်…။
မောင်ဇေယျာ
၇.၂.၂၀၁၄
မနက် ၃း၃၇

In: ကဗျာ Posted By: Date: Jun 27, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment