Professional Authors

သင်္ကြန်ရုပ်ကြွင်း

မှတ်မှတ်ရရ ရှိခဲ့သော နှစ်ဟောင်းက
ရေသွန်းပွဲတော်ကို ပြန်သွားချင်နေမိတယ်……..။

အခြေအနေတွေပေးမယ်ဆို
နင့်အနားမှာနေပြီး ဒီနှစ်ပွဲတော်မှာ
အတူတူပျော်ချင်ပေမယ့်
နင်က တွဲလက်ကို
တစ်ဖက်သတ်ဖြုတ်ချခဲ့ပြီလေ………………..။

အလွမ်းတရားက ငါ့ကိုဖိစီး
လွင့်ပျံ့လာနေတဲ့ တေးသင်္ကြန်တွေက
ငါ့ဒဏ်ရာကို လာလာနှိုးဆွ
မျက်ဝန်းအိမ်ထောင့်မှာ
ဖြတ်ခနဲ တွေ့မြင်ရလိုက်တဲ့
ပန်းပိတောက်ကိုမြင်မှ
ဟိုအရင် နင့်ကေသာမှာ
ငါသီကုံးပေးခဲ့ဖူးတဲ့အချိန်ကိုတမ်းတမိလို့
ယောင်ယမ်းကာ နင့်နာမည်ကိုအော်ခေါ်မိတယ်…………….။

ဥသြရေ……………
အလွမ်းတွေနဲ့ နှစ်သစ်ကိုမကြိုပါရစေနဲ့ကွယ်……………………။

မိုးတိမ်ကဗျာ

www.moetainkabyar.myanmarbloggers.org

In: ကဗျာ Posted By: Date: Jun 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment