Professional Authors

”၁၃ရက်” သောကြာ(FRIDAY 13)

”၁၃ရက်” သောကြာ
(FRIDAY 13)
++++++++++++++

လမ်းတွေပိတ်….. ကားတွေအိပ်နေပေမဲ့..၊
စိတ်တွေလေတဲ့…………ငါ……
တစ်ခုလောက်ဆိုပါရစေ…။

အများပြောတဲ့…. Friday 13 က…၊
အမှားသဘောပဲလို့…. ဆိုချင်ဆို..၊
အပိုတွေပါပဲဟု….. မငိုချင်ဘဲနဲ့….၊
ငါ…. တွေးမိတယ်..။

တိုက်ဆိုင်မှုတွေပဲလား…၊ ပဲ့တင်မှုတွေကြောင့်လား…၊
ခုချိန်ထိတော့…. လုပ်သမျှတိုင်းက…၊
ပြုံးပြနေသယောင်….. ကုပ်ဖဲ့ခွာနေတောင်..။

မဆီမဆိုင်… ကြည်..လှိုင်ကပြောတယ်..၊
နင်အရမ်း ”ဝ” လှတယ်လို့………….၊
ဟုတ်ပေသားဘဲ….. စိတ်ချမ်းသာနေတာကိုး….။

ငါသိမ်းထားတဲ့….. memory တစ်ခုက..၊
ဇာတ်သိမ်း လှတဲ့…. ကလေးလေးအကြောင်းကို….၊
ပြန်မတွေးထားဘဲ…….. ငါ……….
မြင်ယောင်လာတယ်…။

”FROZEN” ကားလေးထဲကလိုပေါ့….၊
ကိုယ့်စိတ်ကူးတွေ…….. လှနေသရွေ့…၊
သက်မဲ့စနိုးတွေလည်း……….. လှနေပါစေ………..။

၁၃သောကြာမှာ.. အပြုံးရောက်တဲ့
……………..ကိုဇေ…………………..

In: ကဗျာ Posted By: Date: Jun 15, 2014
Comment #1

သောကြာနေ့ကတည်းက ရေးထားတာပါ.. အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှ တင်ဖြစ်တာပါ..

commentinfo By: Ko Zay at Jun 15, 2014
Comment #2

ကောင်းတယ်​ အမြဲတယ်​အား​ပေး​နေပါတယ်

commentinfo By: tin aung win at Jun 15, 2014
Comment #3

အကို​ဇေ ​ရေ ကျ​နော်​အ တွက်​ကဗျာ ​လေးတစ်​ခု​လောက်​​ရေး​ပေးပါလား
ကျ​နော်​ ​ကောင်​မ​လေး တစ်​​ယောက်​ ကို အရမ်းချစ်​​နေမိ​နေပြီး သူမှာချစ်​သူရှိ​နေတယ်​​လေ ကျ​နော်​က တစ်​ဖက်​သတ်​ အချစ်​ဖြစ်​​နေတယ်​ ကျ​နော်​ကိုလဲ​မျှော်​လင့်​ချက်​​တွေ​ပေး​နေတယ်​ ,ကျ​နော်​ကဗျာ တစ်​ခု​တောင်​ စမ်း ​​ရေးကြည့်​ တယ်​ ဒီလို​လေး ကြည့်​​ပေးပါအုံး အကို​ဇေ
ပန်မရနိုင်တော့မှန်းသိရဲ့နဲ့
မင်းဆီကအချစ်ကို ဒို့မျှာ်လင့်နေတုန်းပါပဲ
ကောင်မလေးရယ်.
မင်းဒို့ကို ဘယ်ဆီရောက်မှန်းမသိတဲ့
ပင်လယ်ပြင်ထက်က
ပဲ့မရှိတဲ့ လှေလို
ရောက်ချင်ရောက်ဆိုပြီး
ရွက်တတ်ပေးသေးတယ်….
ငါပျော်ခဲ့ပါတယ် မင်းဆီက
ချိုသာသော စကားလေးတခွန်းကြောင့်
မင်းဆီက အပြုံးလေးတွေနဲ့ photo လေးတွေကြောင့်
မင်းဆီက ဖော်ရွေတဲ့ message လေးတွေကြောင့်
ငါရှုးသွပ်ခဲ့ရတယ်..
ကောင်မလေးရယ် ဒို့မှာ မမျှော်လင့်ဘဲ လမ်းခွဲရတဲ့နေ့တွေကြောင့်
ရင်နင့်စွာ ချစ်ခဲ့ပြီးမှ
အစိမ်းလတ်လတ်ကြီး
ရင်ခွဲခံရတော့မယ်.
ဘာကြောင့်လဲဆိုတဲ့ မေးခွန်းကလွဲရင်
ကျန်တဲ့ မေးခွန်းကို ဖြေနိုင်သေးပါတယ်ဟာ…
ငါဆီက လက်ကျန်အချစ်တွေ
ကျန်ရှိနေသေးတယ်ဆိုတာ
မင်းသိပါစေလို့ပဲ
ရင်နင့်စွာ ဆုတောင်းရင်း..

ရင်ကွဲငှက် တစ်ကောင်ရဲ့ ငိုကြွေးသံ

လရောင်

commentinfo By: tin aung win at Jun 15, 2014
Comment #4

ကျေးဇူးပါဗျ….. မနက်ဖြန်လောက်တော့ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ကဗျာလေး တစ်ပုဒ်လောက်တော့ တင်ပေးနိုင်မှာပါ ကို တင်အောင်ဝင်း.. မဆိုးပါဘူး ရေးထားတဲ့ ကဗျာလေးလည်း ကောင်းပါတယ်.

commentinfo By: Ko Zay at Jun 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment