Professional Authors

………..

ငါနင့်ကိုတွေ့ချင်တယ်
..
တကယ်တော့
မတွေ့ချင်လို့
ကိုယ်ယောင်ဖျောက်နေပါတယ်ဆိုမှ
တွေ့မလားစိတ်ကူးယဉ်
လိုက်ရှာနေမိတာ..
ငါကိုယ်က အလိုက်မသိတာ။
…………………
ငါတို့ဝေးတော့ဝေးသွားကြပြီတဲ့
…..
ပတ်ဝန်းကျင်ကပြောတယ်…
နင့်အမူအရာတွေကပြောတယ်…
ငါ့အထီးကျန်မှုတွေကပြောတယ်…
..ဒါပေမယ့်..
ငါ……လက်မခံနိုင်သေးဘူး။
……………….

ငါမှတ်မိနေသေးတယ်
ငါတို့..ပျော်စရာအချိန်လေးတွေ
ငါမြင်နေပါသေးတယ်
နင်..ပြောတတ်တဲ့စကားလုံးတွေ
ငါကပဲ….အမှတ်တမဲ့တွေ
စုဆောင်း
အမှတ်တရ သိမ်းဆည်းခဲ့တာ..
ရူးနေခဲ့တာ..ထင်ပါရဲ့။

အခုဆို…
ငါတယောက်ထဲ
တိတ်တိတ်လေးငိုနေရပေမယ့်..
နင့်ကို..တော့
ငါပျော်နေစေချင်သေးတယ်။

တကယ်လို့များ..
နင်…တိုက်ဆိုင်မှုကြောင့်
ငါ့ကို ခဏလေးဖြစ်ဖြစ်
သတိရတယ်ဆို…..
ကျေးဇူးပြုပြီး….ငါ့ကိုပြောပြပေးပါ..
ဘယ်..တဖက်သတ်အတွေးမှ
ငါ့ဘက်မပါလို့ပါ…။

ဘာပဲဖြစ်ဖြစ်ပေါ့
….
ငါလို့….အမှန်ကန်း
အမြင်ကန်း..တယူသန်တယောက်ကို
ချစ်တတ်အောင်…သင်ပေးခဲ့လို့
ဒဏ်ရာကြားမှာ…ကြေကွဲခဲ့အောင်
ထားရက်ခဲ့လို့
ကျေးဇူးတင်ပါတယ်

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

ခေါင်းစဉ်တောင် မတပ်နိုင်လောက်တော့အောင် ခံစားချက်တွေက သိပ်စူးရှပြင်းထန်နေလို့လားဗျာ

commentinfo By: မိုးလူ at Nov 19, 2010
Comment #2

ငါတို့ဝေးတော့ဝေးသွားကြပြီတဲ့
…..
ပတ်ဝန်းကျင်ကပြောတယ်…
နင့်အမူအရာတွေကပြောတယ်…
ငါ့အထီးကျန်မှုတွေကပြောတယ်…
..ဒါပေမယ့်..
ငါ……လက်မခံနိုင်သေးဘူး
အရမ်းမိုက်တယ်ဗျာ အသည်းကွဲမိုးရယ်………..အရမ်းကောင်းပါတယ်

commentinfo By: ကေသရီ at Nov 19, 2010
Comment #3

မိုက်တယ် ရင်ထဲကိုထိတယ်

commentinfo By: ဖွိဖောင်း at Nov 19, 2010
Comment #4

တကယ်လို့များ..
နင်…တိုက်ဆိုင်မှုကြောင့်
ငါ့ကို ခဏလေးဖြစ်ဖြစ်
သတိရတယ်ဆို…..
ကျေးဇူးပြုပြီး….ငါ့ကိုပြောပြပေးပါ..
ဘယ်..တဖက်သတ်အတွေးမှ
ငါ့ဘက်မပါလို့ပါ…။

commentinfo By: moehtetaung18 at Nov 20, 2010
Comment #5

ငါလို့….အမှန်ကန်း
အမြင်ကန်း..တယူသန်တယောက်ကို
ချစ်တတ်အောင်…သင်ပေးခဲ့လို့
ဒဏ်ရာကြားမှာ…ကြေကွဲခဲ့အောင်
ထားရက်ခဲ့လို့
ကျေးဇူးတင်ပါတယ်

Comment #6

ငါတို့ဝေးတော့ဝေးသွားကြပြီတဲ့
…..
ပတ်ဝန်းကျင်ကပြောတယ်…
နင့်အမူအရာတွေကပြောတယ်…
ငါ့အထီးကျန်မှုတွေကပြောတယ်…
..ဒါပေမယ့်..
ငါ……လက်မခံနိုင်သေးဘူး။…………///.။။။။။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment