Professional Authors

Friday The 13th

မြူတွေဆိုင်းနေခဲ့တယ်…
တိတ်ဆိတ်နေတဲ့ ညတညအကြား
အိပ်မောကျနေတဲ့ လူတစ်ချို့နဲ့…..
ဝမ်းနည်းမှုလွှမ်းခြုံနေတဲ့….
အချို့သော လူတွေလဲရှိနေခဲ့တယ်….။    ။

သောကြာနေ့… ၁၃ ရက်နေ့ရဲ့သောကြာနေ့…
လူသားတွေအတွက်…
အပြစ်တွေအားလုံးအတွက်…
စတေးခဲ့တယ်….
အပြစ်တွေအားလုံးကို ခံယူခဲ့တယ်….။    ။

သွေးတ၀က်နဲ့ ၀ိုင်တစ်ခွက်..
အပေါ်ယံက အဖိုးမတန်ပေမဲ့…
အဲ့ခွက်…. အဲ့ ၀ိုင်ခွက်…..
အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေခဲ့တယ်….။    ။

ပျော်ရွှင်မှုတွေနဲ့မကောင်းမှုတွေကြား….
အပြစ်တွေအားလုံးကိုခံယူရင်း…
အပြစ်မဲ့တဲ့ သူတစ်ယောက်….
သေခြင်းဆိုတာကိုရင်ဆိုင်ခဲ့ရတယ်….။    ။

သောကြာနေ့ပေါ့….
သူ့အတွက်တော့….
လူ့ ဘ၀ဆိုတာကို လက်ပြပြီး…
ထာဝရဆိုတာကိုဖြစ်တည်ဖို့…
အစပြုခဲ့တဲ့….
၁၃ ရက်နေ့… သောကြာနေ့…။    ။

သောက်တော်ရေတစ်ခွက်
သွေးက တစ်ဝက်…
လူ့တစ်သက်နဲ့….
မျက်ရည်စက်တွေ….
ဝမ်းနည်းမှုဆိုတာကြား…
ကိုးကွယ်မှုဆိုတာ အစပြုခဲ့လေရဲ့…။    ။

ပေးအပ်ခဲ့ပါရဲ့…
ယုံကြည်ခြင်း လက်တစ်စုံနဲ့….
အပြစ်တွေအားလုံးကို ဆေးကြောရင်း….
ကိုယ်တော်ထံရင်ခွင်မှာ ခိုလှုံခဲ့ပါတယ်…
အဲ့နေ့….. အဲ့နေ့…
Friday The 13th ဆိုတဲ့ နေ့……။    ။
 
ကျွန်တော်သည် ခရစ်ယာန် ဘာသာကိုးကွယ်သူတစ်ယောက် မဟုတ်ပါ…။ သို့သော်.. ကဗျာ ဟူသည် လူမျိုးပေါင်းစုံ.. အလွှာပေါင်းစုံ
နဲ့သက်ဆိုင်သည်ကို ကိုယ်စားပြုသည့်အနေဖြင့်… ဤကဗျာလေးကို ရေးခဲ့ခြင်းဖြစ်သည်…။ လွတ်လပ်စွာ ကူးယူခွင့်ရှိသည်…။
(ကွန်မန့် ပေးခြင်းဖြင့်)      
                                              [email protected] (Meaningless)

In: ကဗျာ Posted By: Date: Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment