Professional Authors

အလွမ်း(၂)

ရင်ခုန်မိပြီဆိုမှတော့
လွမ်းမိတာ မဆန်းပါဘူး…

သူ့အပြုံးတွေက
တစ်ခါတစ်ရံ
ကျနော့ ရင်ခွင်မှာ သီကုံး နေလိုက်ပုံများ
အိမ်မက်တွေထဲ
အရောင်တွေနဲ့ ခုန်ပေါက်နေသလိုပါပဲ
သတိရခြင်းထက်လဲ ပိုပါတယ်
ဆွတ်ပြန့်ခြင်း ဝေဒနာလို့ ခေါ်လေမလားပဲ?
တမ်းတခြင်းပဲ ခေါ်လေမလား ?
တကယ် မသိနိုင်ပါဘူး…

မြောက်လေလာမှ ဆောင်းရဲ့ အနစ်သာရ
ပေါ်လေသလို
ခဏ ခဏ လွမ်းဆွေးမှ
ချစ်ခြင်းတွေ တယုတယ မြတ်နိုးမိတော့တယ်
အော်…မင်းပြုစားလို့
မော်ဖူးရတယ်ဆိုလဲ
မချမ်းမအေးပဲ
ဒီဆောင်းနဲ့ အတူ
ငါငေးနေချင်လိုက်တာပါ

သူရယ် …မျှော်လင့်ခြင်းက
ရင်ခုန်သံ အိမ်မက်ထက် ရှည်ခဲ့တာ
ငါမသိခဲရိုးအမှန်ပါ..
တစ်ခါတစ်လေ
ချစ်ခြင်းတစ်ခုရဲ့ ဝေဒနာကို
လက်နဲ့ ….စကားလုံးနဲ့ သီလို မရနိုင်ဘူးဆိုတာ
ငါ့နှလုံးသား စိတ်နဲ့
နားမလည်းနိုင်ခဲ့ဘူး..
လက်မခံနိုင်ခဲ့ဘူး..

တကယ်ဆိုရင်
ငါ့ သတိရခြင်းတွေက
ဟန်ဆောင်မှုကင်းမဲ့ ခဲ့တာပါ
အော်…အလွမ်း
ချေဖျောက်ရခက်သလောက်
တမ်းတရ လွယ်လိုက်ပုံပါ…

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

gone u like san par,,lu tine a twat lwe dar hmat loh
a lwan so tar a chit shi de thu tway hma khan sar tat dar,,
tan ta de so dar a chit ye hlont saw hmu kyaunt,,
yoe tar pwint lin swar ta ti ya kwint shi de,

commentinfo By: ei lay at Feb 27, 2012
Comment #2

ဟုတ်ပ ..ဟုတ်ပ…:D

commentinfo By: hanthuaung at Feb 27, 2012
Comment #3

he,,he,,
hna lone tar shi de yin bat tu tu chin tway pe khan sar nar le tar,,
kwi,,kwi,,

commentinfo By: ei lay at Feb 27, 2012
Comment #4

တကယ်ဆိုရင်
ငါ့ သတိရခြင်းတွေက
ဟန်ဆောင်မှုကင်းမဲ့ ခဲ့တာပါ
အော်…အလွမ်း
ချေဖျောက်ရခက်သလောက်
တမ်းတရ လွယ်လိုက်ပုံပါ…

commentinfo By: Village char kyi at Feb 27, 2012
Comment #5

တကယ်ဆိုရင်
ငါ့ သတိရခြင်းတွေက
ဟန်ဆောင်မှုကင်းမဲ့ ခဲ့တာပါ

commentinfo By: kantkawmg at Feb 27, 2012
Comment #6

တကယ်ဆိုရင်
ငါ့ သတိရခြင်းတွေက
ဟန်ဆောင်မှုကင်းမဲ့ ခဲ့တာပါ
အော်…အလွမ်း
ချေဖျောက်ရခက်သလောက်
တမ်းတရ လွယ်လိုက်ပုံပါ…

commentinfo By: sone.pyuu at Feb 27, 2012
Comment #7

nout 1 khar phat mi pyan p.
😛

commentinfo By: ei lay at Jun 19, 2012
Comment #8

Tway mi like tine yin hte hmar nway twar de.
sin sarr like tine heart-rate tet de.
😛

commentinfo By: ei lay at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment