Professional Authors

ည(၁၀)

အခုညက

ပန်းရောင်ဖျော့ဖျော့ရဲ့ အစအနတွေ

အနားသတ်နေခဲ့….

 

သတိရခြင်းရဲ့ အစိုင်အခဲတွေကို

ဘောင်ခတ်ထားဆဲ….

ဘယ်ညက ချိုမှန်းမသိ

ခါးမှန်းမသိ

ငါရှေ့မှာက အလွမ်းတွေ လက်ယှက်ခေါ်နေတုန်းပဲ…

 

မကြာခဏ ငိုကြွေး…..

မကြာမကြာ သီချင်းလေးညည်းလို့….

ဖွင့်ဟခဲ့တဲ့ ဘ၀ထက်

သံယောဇဉ်တွေက အမြစ်တွယ်

တက်မက်မှုကင်းစွာနဲ့

မြတ်နိုးခြင်းတွေ ရစ်ဆိုင်းလို့

ဆောင်းမရောက်သေးလဲ ငါရင်ခွင်

အမြဲ မနွေးဘူး..

ငါတမ်းတခြင်းတွေက  ခါးသက်သက် ဆွေးမြေနေဆဲ

အခုလဲ ညဉ့်နက်နေဆဲ…

In: ကဗျာ Posted By: Date: Nov 1, 2011
Comment #1

ma kyar kha na ngo kway.
ma kyar ma kyar ta chin nye loh.
tu tu be

commentinfo By: ei lay at Nov 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment