Professional Authors

နွေရာသိီမှတ်​တမ်း

တကယ်​​တော့
ကမ္ဘာ​လောကကြီးဆိုတာ
အကြိမ်​ကြိမ်​ အကယ်​ဒမီရ​နေတဲ့
ရုပ်​ရှင်​ဇာတ်​ကားကြီး​ပေါ့…
ကိုယ်​​တွေလို ငိုက်​မြည်းတတ်​သူ​တွေက
ကျန်​​နေရစ်​ခဲ့ပြီး
သူတို့လို​ ပြေးလွှားတတ်​​တွေသူ​တွေသာ
ပါဝင်​ သရုပ်​​ဆောင်​ကြ…
ကမ္ဘာ​မြေကို ​ခြေ​ထောက်​​တွေကညစ်​​ပေ​စေတယ်
(ဟာသပုံပြင်​တစ်​ပုဒ်​ကဆိုပါတယ်​)
အလှတရားဆိုတာ မျက်​လုံး​တွေရဲ့သိပ်​သည်းဆဖြစ်​တယ်
(အချစ်​ကဗျာတစ်​ပုဒ်​ကဆိုပါတယ်​)
ကျွန်​တော်​ မငယ်​ချင်​​တော့ပါဘူး ​မေ​မေ
ကြိီးပြင်းချင်​လာတာလဲမဟုတ်
တစ်​စုံတစ်​​ယောက်​ဟာ
တံခါးချပ်​​လေးအကွယ်​မှာ အတိအကျ​စောင့်​​နေ
မဖွင့်​ရ​သေးတဲ့ မိီးသီးအသစ်​တစ်​လုံးလို​စောင့်​​နေ
အံစာတစ်​တုံး ၀ှက်​ဖဲတစ်​ချပ်​နဲ့​စောင့်​​နေ
မှတ်​တမ်းစာအုပ်​တစ်​အုပ်​နဲ့ ​ကျောက်​ရုပ်​လို​စောင့်​​နေ
အဲ့​ဒါ​တွေ ကျွန်​တော်​သိ​နေ….
ဟောဒီလို မကြည့်​ရ​သေးတဲ့ဇာတ်​လမ်း​တွေမှာ
ဘယ်​နှခါ သမ်း​ဝေရအုံးမှာလဲ
ဆယ့်​နှစ်​ရာသီထမ်းထားတဲ့ `​နေ´ နဲ့
မြန်​မာနိုင်​ငံအလယ်​ပိုင်းဟာ ပူလွန်းတယ်​…
မေ​မေ
ကျွန်​တော်​ရုပ်​ရှင်​ကြည့်​​ကောင်းဆဲပါ…..

In: ကဗျာ Posted By: Date: Jun 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment