Professional Authors

မေမိုးမှာ မိုးမိဖူးတယ်

မေလ စရွာတဲ့
မိုးသည်းထဲ
သူမ
ကျောခိုင်းထွက်ခွာသွားတော့
ကောင်းကင်ကိုမော့ပြီး
ကျနော့်ကို ကမ္ဘာ့အပြင်ဘက်ခေါ်သွားမယ့်
ပန်းကန်ပြားပျံတစ်စီးစီး
တကယ်ကို မျှော်လင့်ခဲ့ဖူးတယ်

အဲဒီတုန်းက
သူမ စီးထားတာ
သာမန်ရိုးရိုး သားရေဖိနပ်လေးပါပဲ

ကျနော့်ရဲ့ အဝေးဆုံးကို လျှောက်သွားခဲ့တယ် ။ ။

In: ကဗျာ Posted By: Date: May 13, 2014
Comment #1

ကဗျာလေးကမိုက်တယ်ဗျ

commentinfo By: ကြက်ခြေခတ် X at May 14, 2014
Comment #2

သာမန်ရိုးရိုး သားရေဖိနပ်လေးပါပဲ

ကျနော့်ရဲ့ အဝေးဆုံးကို လျှောက်သွားခဲ့တယ် ။ ။

commentinfo By: nate thit at May 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment