Professional Authors

အချစ်

ကကြိုး​တွေ မှားခဲ့
နက်​ပြာ​ရောင်​နှလုံးသား
ကျည်​သင့်​တာဆိုရင်
အာကာသအ​သေတစ်​​နေရာကို သွားချင်​တယ်​….
အဲ့ဒီကမ်း​ခြေ…စည်းချက်​မမှန်​ဘူး
မျက်​​မှောင်​ကျုံ့တာကိုက
နိဗ္ဗာန်​သ​င်္ကေတလိုလို…
မှိုနံ့သင်း​နေတဲ့
စိတ်​ဓာတ်​အ​ဆွေးအမြည့်​နဲ့လူ
ပညတ်​​တော်​​တွေကြားက​နေ
ဒဏ္ဍာရီဆန်​ဆန်​ကူးခတ်​ခဲ့…
ဒါ…​…​သေချာတယ်
ကဗျာဆရာ​တွေ​ပြော​ပြော​နေတဲ့အချစ်
စိတ်​ကူး​တွေ​တောင်​ ​ရေတိမ်​နစ်​လို့….

In: ကဗျာ Posted By: Date: May 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment