Professional Authors

ငြိမ်းချမ်းခြင်း

တနေ့ပြီးနိုးနိုး ဖြေရှင်းရင်းနဲ့
 ရည်မှန်းချက်တွေတောင်
အရည်ပျော်လုပြီ။
မကုန်ခမ်းနိုင်တဲ့ ဘ၀လှေကားထစ်တွေ
တစ်တောင် ပြီးတော့ တစ်တန်း
ခန့်မှန်းဖို့တောင် မရဲတော့ဘူး။

 ဘ၀က ခက်ခဲမှန်းသိပေမယ့်
မယ်မယ်ရရ မဟုတ်တဲ့အမှားတွေပြင်ဆင်ရင်းတော့
မကုန်ဆုံးလိုပါ။
စိတ်ကူးယဉ်တိုင်းလှတဲ့ ဒီကမ္ဘာကြီးမှာ
အမှားတွေကို လှေကားလုပ်ရင်း
ဘ၀ကို မိုးထိအောင်ထောင်ချင်မိလည်း
မခိုင်မာတဲ့အမှားတွေက
ငါ့အတွေ့အကြုံကိုသယ်ဖို့တောင်
ခနော်ခနဲ့မို့
ဖာရာဗရဗွ နှလုံးသားကို
အတွေ့အကြုံဒိုင်းလေးနဲ့ကာပြီး
နောက်ထပ်မမှားစေတော့လို့ရည်ရွယ်ပေမယ့်
ဘ၀ဆိုတာအရာရှိမဟုတ်လေတော့
လာဘ်ထိုးဖို့လည်းမလွယ်ဘူးလေ။

စိတ်နှလုံးဒုံးဒုံးချလို့
တော်ပြီ။
ဘာမှငါမရချင်တော့ဘူး..ဆိုမှ
ဘ၀ကငြိမ်းချမ်းလေသတည်း..တဲ့။
တရားကျစရာပဲနော်။

In: ကဗျာ Posted By: Date: Dec 23, 2010
Comment #1

စိတ်နှလုံးဒုံးဒုံးချလို့
တော်ပြီ။
ဘာမှငါမရချင်တော့ဘူး..ဆိုမှ
ဘ၀ကငြိမ်းချမ်းလေသတည်း..တဲ့။
တရားကျစရာပဲနော်။ အားပေးသွားတယ် innwathulay

commentinfo By: genius.jinx28 at Dec 23, 2010
Comment #2

ဘ၀က ခက်ခဲမှန်းသိပေမယ့်
မယ်မယ်ရရ မဟုတ်တဲ့အမှားတွေပြင်ဆင်ရင်းတော့
မကုန်ဆုံးလိုပါ။
စိတ်ကူးယဉ်တိုင်းလှတဲ့ ဒီကမ္ဘာကြီးမှာ
အမှားတွေကို လှေကားလုပ်ရင်း
ဘ၀ကို မိုးထိအောင်ထောင်ချင်မိလည်း
မခိုင်မာတဲ့အမှားတွေက
ငါ့အတွေ့အကြုံကိုသယ်ဖို့တောင်
ခနော်ခနဲ့မို့
ဖာရာဗရဗွ နှလုံးသားကို
အတွေ့အကြုံဒိုင်းလေးနဲ့ကာပြီး
နောက်ထပ်မမှားစေတော့လို့ရည်ရွယ်ပေမယ့်
ဘ၀ဆိုတာအရာရှိမဟုတ်လေတော့
လာဘ်ထိုးဖို့လည်းမလွယ်ဘူးလေ။

commentinfo By: နရီထက် at Dec 23, 2010
Comment #3

စိတ်နှလုံးဒုံးဒုံးချလို့
တော်ပြီ။
ဘာမှငါမရချင်တော့ဘူး..ဆိုမှ
ဘ၀ကငြိမ်းချမ်းလေသတည်း..တဲ့။

အင်းဝသူလေးရေ … ရေးတာထိတယ်ဗျာ……… ဟုတ်ပါတယ်ဗျာ ဆန္ဒဆိုတာ ပြည့်တယ်လို့ကို မရှိပါဘူး။ အမြဲ လိုအပ်နေတာပါပဲဗျာ …. အမြဲအားပေးနေတယ်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment