Professional Authors

တ​ရေးနိုး

`ငါတို့ အဲဒီကိုသွားကြရ​အောင်​´
ကြည့်​မိ​တော့….
ပန်းချီကားတချပ်​လား ရှိတယ်
တောင်​ပူစာနိမ့်​​လေး​တွေနဲ့
ရေကန်​ဟာချယ်​ရီပန်း​တွေပန်​လို့
အိပ်​တန်းပြန်​ ဌက်​နှစ်​​ကောင်​ဟာ
ခေါင်​လှလှ​လေး​ပေါ်မှာပျံလို့
တစ်​ဖက်​က အ​မှောင်​ထု
တစ်​ဖက်​က ကျွန်​​တော့်​မျက်​နှာ
အဲ့ဒီမှာ….
မှန်​တံခါးကို ဆွဲဖွင့်​ပစ်​လိုက်​ရဲ့…
ရောင်​နီဦးဟာ
လေထုထဲမှာရှပ်​တိုက်​​ပြေးလွှား
ခါး​နေတဲ့ မျက်​လုံး​တွေကိုကိုပွတ်​သပ်
ခေါင်းအုံး​လေးကို​ပွေ့ဖက်
ကျွန်​​တော်​…
နဲနဲ​တော့ရှက်​သွားခဲ့တယ်​။

In: ကဗျာ Posted By: Date: May 26, 2014
Comment #1

🙂 ကြိုက်တယ်

commentinfo By: ကြက်ခြေခတ် X at May 26, 2014
Comment #2

ကျေးဇူးပါ sis…

commentinfo By: zay nine at May 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment