Professional Authors

ပေးဒေး

ဘတ်စ်ကားပေါ်ကဆင်းတော့
လခထုတ်ထားတဲ့ ပိုက်ဆံအိတ်လေး
အတူတူပါမလာတော့ဘူး

စိတ်ညစ်ညစ်နဲ့ ကျနော်
စီးတီးမတ်ထဲဝင်ပြီး
ချွေးတိတ်တဲ့အထိ လျှောက်ကြည့်နေမိတယ်

ချယ်ရီသီး တစ်လုံး သုံးရာ
ပျော်ပျော်ကြီး ရွေးနေကြ
ဂျာမန်ဝက်အူချောင်းတဲ့
မတန်တဆဈေးပေးဝယ်ကြ
ယမကာလေးတစ်ပုလင်း
တစ်သောင်းတန်တွေ ထုတ်ရှင်းကြ

အဲဒီလိုတွေကြား လျှောက်သွားရင်းက
အဲယားကွန်းအခန်းကျယ်ကြီးထဲမှာ
အာခေါင်တွေခြောက် ရေငတ်လာတယ်

ရောင်စုံဘူးတွေထားတဲ့ ရေခဲသေတ္တာရှေ့ခြေချ
တံခါးကို အသာအယာဆွဲဖွင့်
ကိုကာကိုလာ ဆန်းကစ်
ဆဲဗင်းအပ် ပက်စီ
ပေါ့ကာ စပရိုက်
တိုက်ဂါး မြန်မာ
ဟန်နီကန် ဘက်ဝိုက်စာ
ကိုရိုနာ ဆိုဒါ

မရှိတော့တဲ့ ကျနော့ရဲ့ လစာ။

In: ကဗျာ Posted By: Date: May 6, 2014
Comment #1

မိုက်သားပဲ.. သဘာဝကျတယ်

commentinfo By: ngapyot at May 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment