Professional Authors
သိဝိထက်သာပါတယ်
မေရယ်————–
 ဝေးနေရတဲ့အချိန်တိုင်း
တွေ့သမျှဟာ အရုပ်ဆိုးနေတယ်
မေရယ်————–
တစ်ဘ၀လို့  ထင်မိတယ်
မေရယ်————–
ဘယ်သွားသွားဘယ်နေနေ
ဘာတွေပဲလုပ်လုပ်
မောင့်အသဲမှာ
မေအမြဲရှိနေတယ်
မေရယ်————–
အသက်ရှူဖို့ တော့မေ့ကောင်းမေ့မယ်
မေ့ အကြောင်းတွေးဖို့ ကတော့
ဘယ်တော့မှမမေ့ဘူး
မေရယ်————–
အချစ်ကျူးသူကို
အရူးလို့ ခေါ်မယ်ဆိုရင်
မောင့်အပြင်ပိုရူးတဲ့လူကို
ဘယ်မှာရှာလို့ တွေ့ နိုင်မှာလဲ
မေရယ်————–
ကြင်နာခြင်းကိုအခြေခံ
အခြွေရံကပေးဆပ်ခြင်း
တပ်မက်ခြင်းဆိုတာမြူမှုန်မျှမို့ 
တို့ အချစ်ကသိဝိထက်သာပါတယ်
မေရယ်————–
In: ကဗျာ Posted By: Date: Nov 14, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment