Professional Authors

အတ္တမဲ့စွာ အတ္တနဲ့ဖန်ဆင်းမှု

ငါတူးဖော်တဲ့ မြို့ရိုးမှာ
ငါ့ရုပ်ကြွင်းငါ ပြန်တွေ့တုန်းက
ငါ့ရဲ့ ဆဌမမြောက်နံရိုးကို တွေ့တယ်

သေချာပါတယ်
မင်းက ငါ့ရဲ့နံရိုးတစ်ချောင်းနဲ့
ဖန်ဆင်းခံရတဲ့ မိန်းမ မဟုတ်ဖူးဆိုတာ

မင်းကို ဖန်ဆင်းခွင့်
ဘုရားသခင်ကို ငါမပေးခဲ့ဘူး

မြွေတစ်ကောင်ရဲ့ ဖျားယောင်းမှုနောက်က
နံရိုးတစ်ချောင်းစာ မိန်းမ
မင်းကို ဖြစ်ခွင့် ငါမပေးနိုင်ဘူး

မင်း ကို ဖန် ဆင်း ခွင့်

ငါ့ ကိုယ် ငါ အပ် နှင်း

ငါ့သွေးကြောတွေကို တဆတ်ဆတ်ခုန်စေတဲ့

ဝဲဘက်ရင်အုံအောက်က နှလုံးတစ်စုံနဲ့

မင်းကိုငါ ဖန်ဆင်းခဲ့ပီ

ကခုန်ပါလော့……

အခြံအရံအစုံနဲ့ မြူးပျော်ပါလော့…..

ငါ့ရင် တဆတ်ဆတ်ခါအောင် ပြုစားပါလော့…..

ကိုပိုင် ( 4/20/2014 12:43 AM)

In: ကဗျာ Posted By: Date: Apr 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment