Professional Authors

ပိုးကိုက်ထားတဲ့ သိက္ခာ

မင်းတို့ ပြောတဲ့ အပေါစားတွေနဲ့….

ငါ့ဘဝငါ ပျော်တယ်……

အော်သံတွေကြားတွေမှာ…. ဝေဒနာ အပိုင်းအစတွေနဲ့….

သာဓုခေါ်တတ်အောင် ကြိုးစားနေတာလား… ဒါမှမဟုတ်….

မင်းတို့တီးတဲ့ ကြေးစည်ကပဲ မင်းတို့အတွက် ပူလောင်နေတာလား….

ရုပ်ထွက်ကတော့ ကောင်းကြပါတယ်…..

အစံမရှိပေမယ့် ရေထည့်လို့ရတဲ့ ဘူးသီခြောက်တွေဆိုတော့…..

အင်း… ဘောင်ဘင်ခတ်ကြတာလဲ မဆန်းပါဘူး…..

ဒီလိုပါပဲ…. ပွဲချိန်ကြာလာတဲ့အမျှ …..

မင်းတို့သိက္ခာက သက်လုံကျကျလာတယ် မဟုတ်လား….

ဟန်မဆောင်မနေပါနဲ့တော့…..

ရော့….

ပိုးကိုက်ထားတဲ့ ဇီးသီး…..

လုံးဝ အကောင်းကြီးတော့ မဟုတ်ဘူးပေါ့ကွာ……

ငါကိုယ်တိုင်ခူးထားတဲ့…. သူများခြံက အသီးတွေပါ….

…..

…….

မင်းတို့ ပြောတဲ့ အပေါစားတွေပေါ့….

ငါကတော့ ပျော်ပါတယ်….။

 

In: ကဗျာ Posted By: Date: Mar 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment