Professional Authors

အသိမှားရင်ခွင်

 

 

အချစ်ဆိုတာ လောဘသခင်

သောကရင်မှာ ဒေါသကိုခင်

ပြောမရရင် မောဟဖြစ်သွား

မင်းတို့ပြောတဲ့ အဲဒါ အချစ်တဲ့လား…။

 

မေတ္တာဆိုတာ သံယောဇဉ်ရဲ့

သံသယနဲ့ ပူလောင်နေသော

သောကမီးဖြင့် ပရိဒေဝဖြစ်သွား

မင်းတို့ပြောတဲ့ အဲဒါ မေတ္တာတဲ့လား…။

 

သစ္စာဆိုတာ အသွင်ခိုးသော

မုသားတွင်းမှာ တည်ခိုင်မြဲဖို့

ဥပါဒါန်ဖြင့် သရုပ်ဆောင်သွား

မင်းတို့ပြောတဲ့ အဲဒါ သစ္စာတဲ့လား..။

 

ကရုဏာဆိုတာ အသွင်မှားသော

သနားမှုကို အခြေခံကာ

ဒုက္ခတွင်းသို့ ပို့ဆောင်ခဲ့တာ

မင်းတို့ပြောတဲ့ အဲဒါ ကရုဏာတဲ့လား…။

 

အမြင်မှန်သော ချစ်ခြင်း မေတ္တာ

ကရုဏာ သစ္စာဖြင့် ခရီးလည်းရောက်

ပန်တိုင်ရောက်ဖို့ အသိသတိ

ယှဉ်တွဲကာဖြင့် မင်းသိစေချင်..။

 

 

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa.blogspot.com

In: ကဗျာ Posted By: Date: Sep 11, 2011
Comment #1

အချစ်ဆိုတာ လောဘသခင်

သောကရင်မှာ ဒေါသကိုခင်

ပြောမရရင် မောဟဖြစ်သွား

မင်းတို့ပြောတဲ့ အဲဒါ အချစ်တဲ့လား…။

မေတ္တာဆိုတာ သံယောဇဉ်ရဲ့

သံသယနဲ့ ပူလောင်နေသော

သောကမီးဖြင့် ပရိဒေဝဖြစ်သွား

မင်းတို့ပြောတဲ့ အဲဒါ မေတ္တာတဲ့လား… ( ကျွန်မကတော့အချစ်ဆိုတာချစ်နေဖို့ပဲလိုပါတယ်)

commentinfo By: May Kha at Sep 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment