Professional Authors

ချစ်သူကျန်းမာပါစေ

ချစ်သူရေ
နေကောင်းလား ဟင်
နေကောင်းပါစေလို့ 
ဆုတောင်းပေးပါတယ်။

ချစ်သူရေ
စိတ်ချမ်းသာရဲ့လားဟင်
စိတ်ချမ်းသာပါစေ
ဆုတောင်းပေးပါတယ်

ချစ်သူရေ
တွေ့နေကျအရိပ်မမြင်ရတဲ့အခါ
တွေ့နေကျမျက်နှာမတွေ့ရတဲ့အခါ
နေများမကောင်းလို့လား
စိတ်များပင်ပန်းနေလား
စိတ်ပူနေမိတယ်
တကယ့်တောငါဟာ
နင့်အတွက် မလိုအပ်တော့တာ
ငါ ဟာဆုတောင်း ပေးနေရုံကလွဲ
ဘာမှ မတတ်နိုင်ပါဘူးကွယ်

ငါ့ရင်ထဲမှာလေ
တကယ် ဖြစ်ချင်တာက
နင် နေမကောင်းရင်-
နင့် အနားကလေးမှာ
နင်စိတ်မချမ်းသာရင်
နင်အနားကလေးမှာ
နင်စိတ်ပင်ပန်းရင်
နင်အနားကလေးမှာ
ငါ နေချင်တယ်-

ငါ နေမကောင်းရင်လည်း
ငါ့အနားမှာ
နင့် ကိုဘဲရှိစေချင်တာပါ
ဒါ ပေ မယ့် လေ။

လေးစားလျက်
ရှင်းသန့်မေ

In: ကဗျာ Posted By: Date: Mar 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment