Professional Authors

အမေကျန်းမာပါစေ အမေ…

ရေမြေခြားက သားတစ်ယောက်
အမေနဲ့ စကားပြောချင်ပေမယ့်
ဟလို ဟလိုနဲ့ ပဲပြီးသွားလို့ ..
ခဏ ခဏခေါ်ရင်း………………
အမေ ကျန်းမာရေးဂရုစိုက်ဆိုတာကို
အမေကြားပါလေစ..အမေ

သားကျန်းမာရေးဂရုစိုက်လို့ အမေ ခဏခဏမှာနေတော့
အမေ့သားက…ပြုံးပြီးမျက်ရည်တွေဝဲနေမိတယ်….

မွေးနေ့ မှာဘုရားမှာ အမေဆုတောင်းပေးတယ်ပြောတော့
တဆက်တည်း ကျွန်တော်သတိရတာက…
“အမေလတိုင်းထီထိုးတယ်တဲ့”
ပေါက်ရင်ငါ့သားကိုပြန်ခေါ်မှာတဲ့..
အမေ့မေတ္တာတွေ ရဲ၇င့်လိုက်တာအမေ….
ဘာမှမရှိတဲ့ မျှော်လင့်ချက်ကို သားအတွက်
အမေ ဆုပ်ကိုင်ထားတာပေါ့လေ

လုပ်ချင်တာတွေ လုပ်ပြီးလို့ 
လုပ်သင့်တာတွေ လုပ်ရုံလေးပါအမေ
ကျွန်တော်မပင်ပန်းပါဘူး…..
အဓိကကတော့ အမေကျန်းမာပါစေ အမေ…

(ပြီးခဲ့သော မွေးနေ့ လေးမှ အမှတ်တရ ဖုန်းပြောအပြီးမှာပေါ့)

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

Khan sarr arr pay twar par de

commentinfo By: ei lay at Nov 19, 2012
Comment #2

ကောင်းပါတယ်နော်

commentinfo By: မေပျို at Nov 19, 2012
Comment #3

အမေ့မတ္တာက တကယ်ပင်နှိုင်းဆစရာမရှိပါ —
အားပေးသွားတယ်နော်—အမေနဲ့ သားအမြန်ဆုံးပြန်ဆုံပါစေ–

commentinfo By: mayviolet at Nov 19, 2012
Comment #4

အမေကိုသိပ်ချစ်တဲ့သားပဲဗျ
ကဗျာအရေးအသားကိုလေးစားရင်း ကဗျာလေးကိုဆုံးခန်းတိုင်အောင်ဖတ်သွားပါတယ် ~~

With respect,
RAY

commentinfo By: X - ray at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment