Professional Authors

ကျွန်တော့်အတွက်…ချစ်သူက..စပ်မကုန်တဲ့ကဗျာတစ်ပုဒ်ပေါ့လေ…..

အသွားနဲ့ အပြန် ….
လမ်းလေးထဲရောက်ခဲ့တယ်..

ဆုပ်လဲစူး.. စားလဲရူး
ဒီမြို့ ရိုးနဲ့ ဒီတံတိုင်းပဲ ကာရံထားတယ်

နေ့ နဲ့ ည တလှည့်စီနဲ့ ဆို
အလွမ်းနဲ့ နေသားကျချင်တယ်

ကောင်းကင်ကဝေးလွန်းတယ်…
လက်တစ်ကမ်းက မြေကြီးဆို…
ကြေကျစ်စာခဲလေးလောက်တော့
သိပ်သည်းချင်တယ်….ချစ်သူခြေမွဖို့ တော့ ယဲ့ယဲ့လေး၇ယ်

ချစ်သူကိုသတိရလို့  ကဗျာထထရေးရင်
ဒီကာရန်တွေထပ်ထပ်မှန်းသိတယ်
ကျွန်တော်မှ မနေနိုင်တာ…..
အချစ်ကဗျာ…အလွမ်းကဗျာလို့ တော့ချစ်သူထင်မယ်မထင်ဘူး..
ဘာဖြစ်ဖြစ်..ဒီကောင်ငါ့သတိရလို့  ရေးတာသိရင် ကျေနပ်ပါပြီ..ချစ်သူ
ကျွန်တော့်အတွက်…ချစ်သူက..စပ်မကုန်တဲ့ကဗျာတစ်ပုဒ်ပေါ့လေ……..။

In: ကဗျာ Posted By: Date: Mar 17, 2013
Comment #1

really envy u.
i love both title & poem

commentinfo By: ei lay at Mar 17, 2013
Comment #2

ဘာဖြစ်ဖြစ်..ဒီကောင်ငါ့သတိရလို့  ရေးတာသိရင် ကျေနပ်ပါပြီ..ချစ်သူ….

right ! Right !

commentinfo By: moezat at Mar 17, 2013
Comment #3

Nice one…

commentinfo By: oo.CoBrA at Mar 18, 2013
Comment #4

ကွန့် မန့် ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
ကျွန်တော့်အတွက် အားတွေပါပဲ …

commentinfo By: သဟံသစ် at Mar 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment