Professional Authors

အချစ်ဆုံမှတ်

 

ချစ်သူ…
ဥပေက္ခာပြုတယ်မထင်လိုက်ပါနဲ့
နင့်ကိုမုန်းသွားတာမှမဟုတ်တာ

နင်ကိုမချစ်မိအောင်ဟန်ဆောင်နေမိတာပါ။

လွတ်လပ်မူကိုခုံမင်တဲ့နင်နဲ့
လူအများကိုအလေးထားတဲ့ငါ
သဘောထားကွဲပြားရုံတင်ပါ။

ဘဝကိုပေါ့ပါးစွာဖြတ်သန်းတဲ့နင်နဲ့
ဘဝကိုအလေးအနက်ထားတတ်တဲ့ငါ
တို့နှစ်ဦးနှလုံးသားချင်းငြိမိခဲ့တာ
ဆန်းတယ်နော်

ပုံစံလည်းမတူ
စရိုက်လည်းကွဲပြား
လားရာခြင်းမတူတဲ့ငါတို့
အချစ်ဆိုတဲ့ဆုံမှတ်မှာ
ရင်ဘတ်ခြင်းထပ်တူကျခဲ့ကြတယ်နော်

တကယ်တော့ချစ်သူရေ
မြင့်မြတ်တဲ့ဘဝကိုအတူတွဲ
ဖြတ်သန်းချင်ခဲ့မိတာငါ့စေတနာပါ

မြင့်တယ်လို့ခုန်ချတဲ့နင်နဲ့
အမြင့်ကိုဆွဲတင်ချင်တဲ့
ငါကြား
သောကတွေလည်းပွေ့ပိုက်ခဲ့ရတယ်နော်။

ချစ်သူရေ
အချစ်ဆိုတာဘဝတခုလုံးနဲ့
မသက်ဆိုင်ပေမယ့်
နှလုံးသားတခုလုံးတော့
သက်ဆိုင်ခဲ့တယ်နော်

ချစ်သူရေ
ပြိုင်မျဉ်းနှစ်ကြောင်းက
ဘယ်တော့မှမဆုံနိုင်ပေမယ့်
သံယောဇဉ်အစပြုတဲ့
မျဉ်းပြိုင်နှစ်ကြောင်းကတော့
အချစ်ဆုံမှတ်တခုမှာ
တို့တွေဆုံစည်းခဲ့ကြတယ်နော်။

ချစ်သူ…
အလေးမထားတယ်မထင်လိုက်ပါနဲ့
နင့်ကိုမုန်းသွားတာမဟုတ်ပါ

နင်ကိုသိပ်မချစ်မိအောင်ဟန်ဆောင်နေမိတာချစ်သူရယ်။

လေးစားလျက်
ရှင်းသန့်မေ

In: ကဗျာ Posted By: Date: Mar 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment