Professional Authors

မရှိခဲ့သင့်တဲ့…အဖြစ်တွေကြောင့်…မင်းနဲ့ငါ

တကယ်လို့များ
ငါမင်းအနားရှိခဲ့မယ်ဆိုရင်လေ….
ကြယ်ကြွေညတွေဟာ..ရေတွက်လို့
ကုန်မှာမဟုတ်ဘူး….ပြီးတော့..
ခါးသက်တဲ့နေ့ရက်တွေလဲ ဖြစ်တည်လာမှာမဟုတ်ဘူးပေါ့…
တကယ်လို့များ…
အနာတရနဲ့…ဟန်ဆောင်မှုတွေ
ဗလာနထ္တိ ဖြစ်ခဲ့မယ်ဆိုရင်လေ…
ငါနဲ့ မင်း …အရာရာကို….ရင်ဆိုင်ရဲရင့်ပြီး
လေအကွယ်မှာ..အနေသွယ်ဖို့ ကြိုးစားကြမှာပါ
တကယ်လို့များ…
မင်းနှုတ်ခမ်းက…အမှတ်တမဲ့..အမုန်းစကားတွေ
မရှိခဲ့ဘူးဆိုရင်လေ..
ဟန်ဆောင်ဖုန်းကွယ်ထားတဲ့…ငါ့မျက်ဝန်းက
မျက်ရည်စတွေ…လွင့်မျောမသွားနိုင်ပါဘူး
တကယ်တော့….ငါဟာ..မင်းရဲ့ အလိုတော်တိုင်း
အရာရာကို…မင်းစိတ်တိုင်းကျ
ဖြစ်စေချင်ခဲ့လို့….
တကယ်လို့များ..ငါမင်းနဲ့ ဝေးရရင်
တကယ်မတွေးရဲပါဘူး…
ချစ်ရသူရယ်…

               (ဒဏ်ရာ)

In: ကဗျာ Posted By: Date: Mar 21, 2012
Comment #1

အားပေးသွားတယ်ဗျာ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #2

perfect.
choice of words are really smart,

commentinfo By: ei lay at Mar 22, 2012
Comment #3

ခံစားသွားပါတယ်……

commentinfo By: poem.poem28 at Mar 22, 2012
Comment #4

တကယ်တော့….ငါဟာ..မင်းရဲ့ အလိုတော်တိုင်း
အရာရာကို…မင်းစိတ်တိုင်းကျ
ဖြစ်စေချင်ခဲ့လို့….
တကယ်လို့များ..ငါမင်းနဲ့ ဝေးရရင်
တကယ်မတွေးရဲပါဘူး…
ချစ်ရသူရယ်…

commentinfo By: kantkawmg at Mar 22, 2012
Comment #5

read again and again.

commentinfo By: ei lay at Apr 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment