Professional Authors

“ဆူး”

ပျောက်ရှခဲ့ရပြီ

ငါ့မှာယုံကြည်ချက်တွေမရှိတော့ဘူး

ဝမ်းနည်းဖွယ်ရာပါပဲ

ဒါဟာငါ့ရဲ့ကျဆုံးခန်းပါ

ဟိုလူရယ် ဒီလူရယ်

ဟိုလူရိ ဒီလူရိ

အပြန်အလှန်ကိုယ်စီ

ဒါဏ်ရာတွေမကျက်ခင်မှာ

အသစ်ပြန်ပြန်ဖြစ်ခဲ့ရတဲ့

အသစ်ပြန်ပြန်ဖြစ်နေရတဲ့

ကံကြမ္မာများ

ရင်ဘတ်ထဲမှာ

ငါနာတတ်လာပြီလေ

ငါဆိုတာ

ဂရုစိုက်လောက်စရာဟုတ်မဟုတ်

ငါ့ကိုယ်ငါတောင်မဝေခွဲနိုင်လောက်အောင်

ငါကိုကနုံချာတယ်

သစ္စာဆိုတာ

ထားတဲ့သူခိုက်တယ်တဲ့

ပုခုံးပုတ်အချိုသတ်ခံရင်းနဲ့

မျက်ခွက်ဖြတ်ရိုက်ခံလိုက်ရသူ

မစွန့်လွှတ်နိုင်သေးသမျှတော့လည်း

ရင်ကိုနက်နက်စူးပါ ဓါးရယ်။   ။

In: ကဗျာ Posted By: Date: Feb 16, 2014
Comment #1

ပျောက်ရှခဲ့ရပြီ

ငါ့မှာယုံကြည်ချက်တွေမရှိတော့ဘူး

ဝမ်းနည်းဖွယ်ရာပါပဲ

ဒါဟာငါ့ရဲ့ကျဆုံးခန်းပါ

ဟိုလူရယ် ဒီလူရယ်

ဟိုလူရိ ဒီလူရိ

commentinfo By: ei lay at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment