Professional Authors

မိုးညတစ်ည၏ လှည့်စားခံရသူ

မိုးညတစ်ည၏ လှည့်စားခံရသူ


အပြင်မှာ မိုးဖွဲဖွဲအသံတွေက
အခန်းအတွင်းသို့ သံစဉ်အလား
စည်းချက်ကျ ခုန်ဝင်လူးလွန့်
Computer Screen ကို ငေးကြည့်ရင်း
နာကျင်မှုဝေဒနာတစ်ခုက ရင်မှာအောင့်ကာ
အမျိုးအမည်မသိသော ခံစားချက်တစ်ခုနဲ့
တစ်စုံတစ်ယောက်ကို တမ်းတမက်မော
ငါ့နှလုံးသားတို့ တုန်ရီလှိုက်မော
သူ့အပြုံးတွေကို ငါ လွမ်းမောမိတယ်။        ။
 


အသိစိတ်တို့ကို အချမ်းဓာတ်က

လှုပ်နှိုးတဲ့အခါ ငါဟာ
မိုးရေစက်တို့ မြူးထူးတဲ့ လမ်းမထက်မှာ
တိမ်ဖုံးတဲ့ ညသံခေါင်ယံက
လမင်းကို ရှာဖွေမိတဲ့
သူရူးတစ်ယောက်ပေါ့။         ။

ချစ်သူ……..တဲ့
ငါ့နှုတ်ခမ်းပြာပြာက အားယူတိုးထွက်
အဆုံးသတ်မဲ့ ကောင်းကင်အောက်မှာ
ငါဟာ လူမိုက်တစ်ယောက်ပါကွယ်……

ဒီလိုနဲ့ပဲ…….
ကိုယ်တိုင်ပဲ ကြားနိုင်သော
သက်ပြင်းတိုးတိုး ချ
လမိုက်ညတို့မှာ ခေါင်းငိုက်စိုက်ကျလို့
သူ့အကြောင်းတွေ တွေးမိရက်သား
ငါ့အလွမ်းတွေ သူသိနိုင်ပါ့မလား
မေးခွန်းတစ်ခု အထပ်ထပ်မေးရင်း
တစ်စိမ်းတစ်ယောက်ကို
အစိမ်းသက်သက် လွမ်းတယ်။         ။

 

                                         Demon

 

In: ကဗျာ Posted By: Date: Feb 10, 2014
Comment #1

ဖတ်ရှု ခံစား သွားပါသည်

အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲ မိုး at Feb 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment