Professional Authors

အဝေးရောက် ငါ

အတ္တများတဲ့ ကောင်းကင်အောက်မှာ
ရတဲ့အလင်းရောင်နဲ့  မလောက်တဲ့အခါ
ကိုယ့်ကိုကိုယ်လည်း မီးပျိုးမိခဲ့…..

တဝမ်းဝရုံ ဘဝအတွက်နဲ့ 
တနေကွယ် အိမ်ပြန်လမ်း
မှောင်နေပြီထင်တယ် လမ်းပြပေးပါ….

ကိုယ်တိုင်ထုဆစ်ထားတဲ့ ကိုယ့်ရုပ်ကဘာလဲဆိုတာ
ပြောပြဖို့  မလိုဘူးထင်တယ်…….

ညဥ့်ငှက်တွေ အိပ်တန်းတက်
မိုးသောက်နေပြီ
သြော်… ငါလည်းပဲ အိမ်ပြန်သင့်နေပြီ…..

ကိုယ့်အိမ်ခေါင်မိုးထက်က လမင်းကို
ကြည့်လို့ မမြင်နိုင်တဲ့အခါ
ကျွန်ုပ်နှင့်သက်ဆိုင်သူများ … နားလည်ပေးကြပါ…..။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: Apr 27, 2012
Comment #1

phat shu arr pay twar par d,

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment