Professional Authors

တစ်ဖက်သတ် ဖြစ်တည် … တိုင်တည်မှူ !

အချိန်တွေဟာ ကုန်လွန်နေပေမယ့်
တတမ်းတမိနေဆဲ ပုံရိပ်
ရှင်သန်နေဆဲ …. နှလုံးသားရဲ့ ၁ နေရာမှာပေါ့။

တစ်ဖက်သတ် ဆန်နေပေမယ့်
တွေးမိနေတယ် …….
နင်လည်းပဲ ငါ့လိုပဲလား ဆိုတာကိုပေါ့ တချိန်က ချစ်သူ …..

ဘဝဟောင်းကို စွန့် … ဘဝသစ်ကို တည်ထောင်ခဲ့တဲ့
ငါ့ရဲ့ ချစ်ရသူ ချစ်သူ ….ရေ
နင် … တည်ထောင်ခဲ့တဲ့ ဘဝသစ်မှာ ပျော်ရွှင်နေပြီလား???
ငါ တည်ရှိနေတဲ့ ဘဝဟောင်းမှာတော့ အသားမကျသေးဘူး။

သက္ကရာဇ်တွေ ထုဆစ်
ငါ့ လမ်းဖောက် .. ငါ့ ရာဇဝင် ငါ တွင်စေမယ့် အချိန်မှာ
နင် ဟာ ငါ့အတွက် အရိပ် အဖြစ်ပဲ ……………………..
သိနေလျက်နဲ့ ညာနေမိတယ် ငါကိုယ်တိုင်အတွက်ပဲ ချစ်သူ။

ဒီနေ့လည်း တမ်းတတယ် ………
မနေ့ကလည်း သတိရတယ် …….
မနက်ဖြန်လည်း လွမ်းမောမိအုန်းမှာပေါ့လေ …………..

မဖြစ်သင့်ဘူးလို့ ပြောနေတဲ့ ငါကိုယ်တိုင်ပဲ
ကျူးလွန်သူအဖြစ် တည်နေတယ်လေ။

မချစ်တော့ဘူးလို့ ဆုံးဖြတ်တဲ့ ငါကိုယ်တိုင်ပဲ
မသက်ဆိုင်တော့သူကို ချစ်နေမိသေးတယ်လေ။
မလွမ်းတော့ဘူးလို့ ကြေငြာနေပြီး
အလွမ်းသင့်မှတ်တိုင် စိုက်ထူးနေလျက် ဖြစ်နေသူဟာ..
ငါ…. ပါ သိပ်ချစ်ရတဲ့သူရေ ……………………

ရပ်တန့်ပေးပါ
ကျေးဇူးပြုပြီး ရပ်တန့်ပေးပါ ……….
နင့်အတွက် တဖက်သတ် ဖြစ်တည်နေတဲ့
ရင်ခုန်သံအချက်တိုင်းကို ………..။

(၂၅-၁ဝ-၂ဝ၁၁)

In: ကဗျာ Posted By: Date: Oct 25, 2011
Comment #1

kwat ti pe.
kyike de,

commentinfo By: ei lay at Oct 25, 2011
Comment #2

မိဂျက်လဲ အဲဒီလိုပါပဲ
မဖြစ်သင့်ဘူးဆိုပြီးတော့ စိတ်ကိုမထိန်းတာပေါ့နော်..

မဖြစ်သင့်ဘူးလို့ ပြောနေတဲ့ ငါကိုယ်တိုင်ပဲ
ကျူးလွန်သူအဖြစ် တည်နေတယ်လေ။

ကောင်းတယ်။

commentinfo By: jasmine(တောင်ကြီး) at Oct 25, 2011
Comment #3

မချစ်တော့ဘူးလို့ ဆုံးဖြတ်တဲ့ ငါကိုယ်တိုင်ပဲ
မသက်ဆိုင်တော့သူကို ချစ်နေမိသေးတယ်လေ။
မလွမ်းတော့ဘူးလို့ ကြေငြာနေပြီး
အလွမ်းသင့်မှတ်တိုင် စိုက်ထူးနေလျက် ဖြစ်နေသူဟာ..
ငါ…. ပါ သိပ်ချစ်ရတဲ့သူရေ ……………………
((အရမ်းတိုက်ဆိုင်တာပဲ )))
ရင်ဘတ်ကြီးနဲ့  ခံစား သွားပါတယ်နော်

commentinfo By: စစ် စစ် at Oct 25, 2011
Comment #4

မချစ်တော့ဘူးလို့ ဆုံးဖြတ်တဲ့ ငါကိုယ်တိုင်ပဲ
မသက်ဆိုင်တော့သူကို ချစ်နေမိသေးတယ်လေ။
မလွမ်းတော့ဘူးလို့ ကြေငြာနေပြီး
အလွမ်းသင့်မှတ်တိုင် စိုက်ထူးနေလျက် ဖြစ်နေသူဟာ..
ငါ…. ပါ သိပ်ချစ်ရတဲ့သူရေ …………
ကောင်းလိုက်တဲ့စာသား…လေး
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 25, 2011
Comment #5

ပန်းအိ ကဗျာတင်တိုင်း အမြဲ ပန်းအိနဲ့ထပ်တူ အားပေးသွားကြတဲ့ ကဗျာ၇ပ်ဝန်း မောင်နှမအားလုံးကို ကျေးဇူးအထူးတင်ပါတယ်၇ှင်။ 🙂

commentinfo By: pannei at Oct 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment