“အမြဲတမ်း အထီးကျန်”
“အမြဲတမ်း အထီးကျန်”
သွားတော့သွားနေတာပဲ
ဒါပေမယ့် ဆုံလည်နွားလိုပဲ
ဒီတစ်နေရာထဲ ပြန်ပြန်လည်လာမိသလို…။
ရပ်တော့ ရပ်နေခဲ့တာပဲ
နစ်ဝင်သွားခဲ့တာလည်း မသိလိုက်ဖူး
သတိထားမိတော့ မနက်ခင်းချိန်တိုင်းဟာ
နေ၀င်ဖို့ နီးလာသလိုလို….။
ဝန်းကျင်က လင်းကျင်းနေပေမယ့်
စိတ်ထဲမှာက ပကတိ အမှောင်….။
(ဂျွန်မိုးအိမ်)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းလိုက်တာ