Professional Authors

ငါ နှင့် အထီးကျန်ခြင်း

“အထီးကျန်ခြင်း …အထီးကျန်ခြင်းဆိုတာ ဘာလဲ?” ကျနော်လူမှန်း သိတတ်စ အရွယ်မှစ တက္ကသိုလ်ဘွဲ့ ၇တဲ့အချိန်ထိ အထီးကျန်ခြင်းဆိုတာ တခါမှ မသုံးခဲ့ဖူးသော ဝေါဟာရ တခုပါ။ ဆယ်တန်းထိ ပျော်ရွင်စွာ ကျောင်းတတ်ခဲ့သည် အပူပင်ကင်းစွာ အတန်းထဲမှာ ဆုရေ၇းသာ ဦးတည်ချက်ထား ကြိုးစားခဲ့သည်။

ဆယ်တန်းအောင်လို့ တက္ကသိုလ်တတ်ချိန်မှာလဲ သူတပါးတွေလို ပျော်ရွင်စ၇ာပြည့်နေသော တက္ကသိုလ်မျိုးမှာ မဟုတ်သော်လည်း သူငယ်ချင်းများနှင့် အထိုက်လျှောက်…အတိုင်းအတာ တခုအထိတော့ ပျော်စ၇ာ ကောင်းခဲ့သည်။ကျောင်းပြီး ဘွဲ့ ၇လုပ်ငန်းခွင် နှစ်နှစ်အတွင်း မှာ လဲ ကျနော် အထီးကျန်ခြင်းကို ကြားပဲကြားဖူးပါသေးသည်။

အလုပ်ကပေးတဲ့ လွင်ထီးခေါင်ပြင်က သုံးထပ်ဆောင်မှာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့် နေ့ တဒူဝ ကျနော် မအားလပ်ခဲ့ပါ။ပြန်စဉ်းစားတိုင်း လွမ်းရပါသည်။၂၄နာရီ ကိုပုံမှန် ဖြတ်သန်းရင်း အထီးကျန်ခြင်းဆိုတာ ကျနော်နှင့် တခါမျှ မမြင်ဖူးသော ဧည့်သည်တယောက်လိုပါ။

သုံးနှစ်နီးပါးလုပ်ငန်းခွင်အတွေ့ အကြုံနှင့် နိုင်ငံ၇ပ်ခြား အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အထီးကျန်ခြင်းက စောင့်ကြိုနေလိမ့်မယ်လို့ ကျနော်မတွေးမိခဲ့ပါ။သူငယ်ချင်းများနှင့် တတ်ကြွစွာပင် interview ဖြေခဲ့သည်။အားလုံးအတူတူ အောင်မြင်ပြီးပျော်ရွင်စွာ ထွက်ခွာခဲ့ကြသည်။ဒီနိုင်ငံရဲ့ လေယာဉ်ကွင်း အထိ သူငယ်ချင်းများနှင့် အတူတူ စိတ်လှုပ်ရှားနေခဲ့သေးသည်။

အလုပ်က လာကြိုတဲ့ကားက သူငယ်ချင်းတွေအတွက် မဟုတ် ကျနော်နှင့် အခြားသူနှစ်ယောက် ကျနော့်အထင် ကားကသေးတော့ မဆန့် လို့ တစီးဆီကြိုတယ်မှတ်နေသည်။ ကားပေါ်ေ၇ာက် မေးကြည့်တော့ ကျနော်ကတမြို့ သူငယ်ချင်းတွေမှာ တခြားမြို့ကိုသွားရမှာ။ကားကရပ်ပါပြီ.ကျနော်ကတော့ အံ့သြမှုမရပ်နိုင်သေးပါ..ရောက်ပါပြီ ကျနော်အလုပ်လုပ်ရမည့်နေရာ..auto တံခါးကြီးပွင့်အသွား ကျနော်လှမ်းဝင်ရင်း မျက်စိတဆုံးရပ်ကြည့်မိသည်။ကျနော် မြင်လိုက်သည်……..

မျက်နှာမူ တဖက်နံ၇ံပေါ်မှာ မှုန်ပြပြ စာတန်းကြီး    ……

“အထီးကျန်” တဲ့။

(သူငယ်ချင်းများသို့ )

Dan

29.12.2010

In: ဆောင်းပါး Posted By: Date: Dec 29, 2010
Comment #1

ဟုတ်ပါတယ်ဗျာ အထီးကျန်ခြင်းတွေ များလာတဲ့အခါ လူတောထဲ သိပ်မ၀င်ချင်တော့ဘူး ဗျာ… လူတွေနဲ့ ကီးသိပ်မကိုက်တဲ့လူတစ်ယောက် ဖြစ်လာသလို ခံစားရတယ်……… အားပေးသွားတယ်နော် အစ်ကို

Comment #2

ခင်ဗျား ပျင်းနေပြီလား dan………………………?

commentinfo By: little bird at Jan 16, 2011
Comment #3

ဟုတ်တယ် ပျင်းရေနစ်နေတယ်……………အထီးကျန်လို့ ခေါင်စဉ်တတ်ထားပေမဲ့လဲ အဲလောက်ကြီးလဲမဟုတ်ပါဘူး ……….သူငယ်ချင်းတွေကို အနားမှာ ရှိစေချင်သော်လည်း …………..

commentinfo By: dan at Jan 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment