Professional Authors

ဟက်ပီးလည်း အမြဲတမ်း မနယူးရီးယားတော့ပါ

ကာမဘုံသား ဆုံလည်နွားအစရှိသဖြင့် စက္ကန့်အပြောင်း၊ မိနစ်အပြောင်း၊

နာရီအပြောင်း၊ နှစ်အပြောင်း တစ်နှစ်ပြောင်းတော့ တစ်နှစ်ဟောင်း

တစ်သံသရာမက နှစ်သံသရာ နှစ်သံသရာမက သုံးလေးငါး သံသရာ

သံသရာကနေ သံသယသံသရာ သယံဇာတတွေ ကုန်ကုန်သွားတာ

ထည့်မပြောကြေးဆိုပေမယ့် အချိန်သယံဇာတ၊ လူသံယံဇာတ

ဆိုသော်ငြား ခေါ်သော်ငြား အနှောင့်အသွားမလွတ်တဲ့

စကားတော့ဆိုချင်တယ် ပျော်သလား မိတ်ဆွေ

တစ်နှစ်ဟောင်းပေမယ့် အဖြစ် ဟောင်းမသွား

တစ်နှစ်ပြောင်းပေမယ့် အဖြစ်တွေက ပြောင်းမသွား

အဖြစ်က မနှစ်ကထက် ပိုပိုလိုလို ပိုသလား လိုသလားမေးရင်

လိုတောင်လိုနေသေးတာမို့ ထပ်မေးချင်တယ် မိတ်ဆွေ ပျော်ပါသလား

တစ်ခါလာ ဟက်ပီးနယူးယီးယား တစ်ခါလာ ဟက်ပီးနယူးယီးယား

ပါးစပ်တစ်ခုထဲနဲ့ ယီးတီးယားတား လုပ်လို့ရမရ၊ ဆိုတာကတော့

လုပ်စရာမရှိ လုပ်စရာရှာကြည့်တာမို့ မေးပါရစေ မိတ်ဆွေ

ဟက်ပီးရဲ့ဖွင့်ဆိုချက်အသစ် ခင်ဗျားရှာဖွေတွေ့ရှိပြီလား

ဟက်ပီးရင်း ဟက်ပီး ဟက်ပီးချင်း ဟက်ပီး

ထပ်ကြရင်း ဟပ်ကြရင်း ဟက်တက်တွေ ကွဲကြရင်း

ဟက်လိုက်ရင်း ပြီးလိုက်ရင်း ယီးလိုက်ရင်း ယားလိုက်ရင်း

ဟီးဟီးဟားဟား ငြီးငြီးတွားတွား ပြီးတော့လည်း ပြီးသွားသလို

ကျွန်တော်ဖြင့် လက်ဖြင့် လက်ကို လက်မခံနိုင်တော့ပါသဖြင့်

မိတ်ဆွေ…

တစ်ကယ်ဟက်ပီးမှ ဟက်ပြီးစကားဆိုပါ

ဟက်ပီးက အမြဲတန်းတော့ မနယူးယီးယားနိုင်သေးလို့ပါ

ကျွန်တော်လည်း သိမှာပါ၊ ခင်ဗျားလည်း သိမှာပါ။

In: ဆောင်းပါး Posted By: Date: Jan 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment