Professional Authors

တော်ရိရော်ရိလေးပဲ

ဝိုင်ခွက်ထဲပြုတ်ကျတဲ့…ပုရွက်ဆိတ်က..ထအော်တယ်…။
တေပါပီဂျာ….တဲ့……….။

အလျှံအပယ်မလိုချင်ပါဘူး……..
တစက်နှစ်စက်..လျက်ရရင်…ကျေနပ်တယ်…။

၁၉၃၃ က၀ိုင် မဟုတ်လည်းဖြစ်တယ်…။

ပြင်သစ်ကလာတာ..မဟုတ်ရင်လည်း..ဖြစ်တယ် ။

မြန်မာပြည်ကပို့ပြီး…ဟိုကနေပြန်သွင်းတာဆိုရင်လည်းဖြစ်တယ်..။

ဝိုင်..မဟုတ်လား…??
ဝိုင်…မှန်ရင်…၀ိုင်အရသာတော့…ရမှာပါပဲ…။

အများကြီးမတောင်းဆိုပါဘူး…
ကျွန်တော်နေချင်တာ…ပုလင်းထိပ်မှာပါပဲ…။

ဒါပေမယ့်
ဝိုင်ခွက်ထဲပြုတ်ကျတဲ့…ပုရွက်ဆိတ်က…ထအော်တယ်…
တေပါပီဂျာ………..

In: ကဗျာ Posted By: Date: Jan 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment