Professional Authors

မီးတိုင်

မီးတိုင်

နေ့တစ်နေ့ရဲ့ အဆုံးမှာ သူက နိုးထရပြီး
သူများတွေအိပ်စက် အနားယူတဲ့ အချိန်မှာတော့ တာဝန်ထမ်းဆောင်ရတယ်။
အဖော်မရှိလဲ သူကတော့ ထိန်လင်းဆဲပဲ။
 
သူဟာ ချမ်းအေးတဲ့ ဆောင်းရာသီတွေမှာ မနားရသလို
ပူလောင်တဲ့ နွေရာသီတွေမှာလည်း အလုပ်လုပ်ရတယ်။
သစ်ရွက်ကြွေတဲ့ ဆောင်းဦးမှာ ကြွေလွင့်ခွင့်မရှိသလို
နွေဦးမှာလဲ ပျော်ပါးခွင့်မရှိပါဘူး။
အထီးကျန်စွာနဲ့တော့ ခံ့ညားဆဲပါ။
 
မှောင်မိုက်တဲ့ညတိုင်းမှာတော့ သူက…
အောက်က ဖြတ်လျှောက်တဲ့လူမှန် သမျှကို
အလင်းရောင်တွေပေးစွမ်းခဲ့တယ်။
လုံခြုံမှုတွေ ပေးစွမ်းခဲ့တယ်။
 
လမ်းပေါ်က ချစ်သူတွေရဲ့ အပြုံးတွေကို ထင်ရှားစေခဲ့သလို
အထီးကျန်နေသူ တစ်ယောက်ရဲ့ မျက်ရည်တွေကိုလဲ မျှဝေပေးခဲ့တယ်။
 
ညတိုင်းမှာ လူပေါင်းများစွာက သူ့အောက်က ဖြတ်လျှောက်ပြီး သူ့အလင်းလေးကို ခံယူခဲ့ကြတယ်။ ဒါပေမဲ့ ဒီမီးတိုင် လေးကိုတော့ သတိထားမိတဲ့ သူသိပ်နည်းပါတယ်။

ဒါပေမဲ့ သူကတော့ ညတိုင်းမှာ ထိန်လင်းနေမှာပါပဲ။ အလင်းရောင်နဲ့ လုံခြုံမှုကိုလည်း ပေးစွမ်းဦးမှာပဲ။ သူ့ကို ဘယ်သူက ဂရုစိုက်သွားသွား မသွားသွား သူကတော့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကိုလဲ မျှဝေဦးမှာပါပဲ။

မောင်ပိုင်

In: ကဗျာ Posted By: Date: Jan 11, 2014
Comment #1

🙂

commentinfo By: ei lay at Jan 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment