Professional Authors

တခန်းရပ်နှင်းဆီအိပ်မက်

မာနကိုဦးစားပေး
သိက္ခာကိုရှေ့တန်းတင်
အချစ်တွေအမှောင်ချပြီး
တဖက်သတ်ဇာတ်သိမ်းဖို့ ကြိုးစား…

ဖြူစင်တဲ့အချစ်ကို စွဲချက်တင်
ရိုးအမှုနဲ့ပုပ်မတပ်
မာနတရားသူကြီးကို
အတ္တနဲ့လာဘ်ထိုး
မျက်နှာလိုက်စီရင်ချက်ချစေတယ်
အချစ်မှအမုန်းသို့ ပြောင်းစေသတည်းပေါ့…

တိုးတိတ်ရှိုက်သံကို မျက်ကွယ်ပြု
မျက်ရည်စတွေ ကျောခိုင်း
အဝေးသို့လျှောက်လှမ်းခဲ့တယ်
အောင်နိုင်သူရဲ့ခြေလှမ်းတွေလိုမျိုးပေါ့…

အချိန်တွေကြာမြင့်
အဖော်မဲ့ချိန် နှစ်ချို့လာတော့
ရီဝေဝေနောင်တတွေနဲ့
တခါပြန်တမ်းတ
လွမ်းမိပါသော်လည်း
မတတ်နိုင်ဘူးလေ…

ကိုယ့်ဇာတ်ညွှန်းကိုယ်ရေး
ကိုယ့်စိတ်ကြိုက်ကခဲ့ပြီးမှတော့
ကိုယ့်အပြစ်ကိုယ်ခံရုံပေါ့
အခုမှမှားပါပြီဆိုလည်း
ပြင်ဆင်နိုင်ခွင့်မရှိတော့အောင်
အားလုံးပြီးဆုံးခဲ့ပြီလေ…

ဒီဘဝတော့ ဒီမျှပဲပေါ့ ……………………………………………………………

In: ကဗျာ Posted By: Date: May 16, 2013
Comment #1

ခံစားအားပေးသွားပါသည်

commentinfo By: ei lay at May 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment