Professional Authors

အလွမ်းအကြောင်းဖတ်စာ

တစ်သက်လုံး ရေလောင်းပေါင်းသင်ခဲ့တယ်
မစိုက်တဲ့ လက်တစ်ဖက်က
လွယ်လွယ်လေးရိတ်သိမ်းသွားတယ်။

သူတစ်ယောက် ပျော်နိုင်ဖို.
သုဉ်းဆိတ်တဲ့ အထီးကျန်ဘ၀ကို
နေပျော်ရာအဖြစ်ရွေးပြီး
ကျေနပ်စွာ နေပေးခဲ့ပါပြီ။

ရုပ်ရှင်တွေထဲကလို
ပန်းခြံထဲ ငုတ်တုတ်တော့ထိုင်မနေဘူးပေါ့
အိပ်ယာပေါ် မျက်ရည်ကြီးငယ်တော့ မကျဘူးပေါ့
နေ.စဉ် လည်ပတ်မှုတွေထဲ
ဒီအတိုင်းလေးလွမ်းခဲ့တယ်။

ပိုးကိုက်သစ်သီးတစ်လုံးလိုပေါ့
အပြင်မှာ ပုံမပျက်ဘူး
ရင်ထဲမှာတော့ မွစာတွေကျဲလို.။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

နေ.စဉ် လည်ပတ်မှုတွေထဲ
ဒီအတိုင်းလေးလွမ်းခဲ့တယ်။
(:

commentinfo By: ဖြိုးဖြိုး at Jun 22, 2010
Comment #2

အလွမ်းတွေကရိုးရိုးလေးလဲလွမ်းလို့ရတယ်နော်…။။။

commentinfo By: အမရာ at Jun 22, 2010
Comment #3

ပိုးကိုက်သစ်သီးတစ်လုံးလိုပေါ့
အပြင်မှာ ပုံမပျက်ဘူး
ရင်ထဲမှာတော့ မွစာတွေကျဲလို.။ ။

ဒီစာသားလေးကို အကြိုက်ဆုံးပဲ..

commentinfo By: sorceress at Jun 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment