Professional Authors

“တွဲလက်များ”

“တွဲလက်များ”
= = = = = = =
မြန်မာဆိုတာ ပေါင်းစု
ကောင်းမှုစိတ် အထွေထွေ
မေတ္တာတွေ လျှံလျှံဝေလို့
သူနဲ့ငါ မကွဲပြား
တိုင်းရင်းသား ညီကိုများ
ပေါင်းစုရာမြေ။
ဤမြေပေါ် အကြံဆိုး
ထိုးအသွတ်ခံရပြီးကာမှ
အယုတ်တမာ သွေးခွဲစကားနဲ့
ကွဲပြားလာနေ။
ဘယ်သူသေသေ
ငတေတွေ အကောက်ကြံလို့
ဖောက်ပြန်လာကြပြီ။
အကြောက်အကန် ငြင်းချက်တွေနဲ့
အတင်းဖက်တွယ်နေကြသည်။
ပြည်သိမ်း စီမံချက်တွေချလို့
တိုင်းပြည်ကို အမိုက်ဇာတ်သွင်းရန်
အားထုတ်လာနေချိန်
မင်း မလုပ် . . . ငါ မလုပ်
တို့တွေ ငုတ်တုတ်နေရင်
ငုတ်တုန်မေ့ကိန်းမြင်သည်။
အရိပ်နေနေ အခက်ချိုးချိုး
အကြံဆိုးတွေကြောင့်
နောက်တစ်ခါ အဖြစ်ဆိုး
မကြုံတွေ့ရအောင်ပ
တွဲလက်တွေ ညီညာကြစေ။ ။

နောင်တော်လေး (ဘိုကလေး)

In: ကဗျာ Posted By: Date: Jan 6, 2014
Comment #1

သိပ်ကြိုက်မိပါတယ် နောင်တော်

commentinfo By: moezat at Jan 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment