Professional Authors

အဆင့် အစစ် အပြစ် – နရီထက်

အဆင့်အတန်းတွေကြား
ငွေကြေးကို ကြားခံနယ်ထားလို့
တမိုက်တစ်ထွာ စိတ်ကလေးတွေက
တိုင်းတာနေကြတယ်
လူမှုပြပွဲတွေထဲက ပလောင်ဆူအောင်
အဆင့်အတန်းမြင့်ရလာဒ်ကြေငြာဆိုင်းဘုတ်
စိုက်ထူနေလည်း
ကလည်း ကသည် လှလည်း လှသည်
ဒေါင်းပျိုဖြူများ နှုတ်ခွန်းဆက်တဲ့
အသူရာ ကပွဲတွေလား
ထင်မှတ်နေသည်
တစ်ရေးနိုး အိမ်မက်တွေနှင့်. . .

အစစ် အစစ်နှင့် စိတ်တွေကို
မှတ်ကျောက်တင်ကြည့်ဖို့
မေ့နေခဲ့သေးသည်
အစစ် အစစ်နှင့် နှုတ်ဖျားလက်လေးတစ်စကား
ပုံပြင်သဖွယ် အခန်းဆက်အသွင်
တက်ဆက်ခဲ့သည်
ရင်တွင်းဖြစ် အစစ်အမှန်ကိုတော့
Drama တစ်ခန်းရပ်ပြဇတ်အဖြစ်
ငါကိုယ်ငါ ရောင်းစားခဲ့သည်
ဇာတ်ညွန်းဆရာ အဖြစ်နှင့်. . .

လိုက်ခဲ့ပါလို့ မခေါ်ခဲ့ဘူး
ငါကိုယ်တိုင်လည်း ပြေးနေမခဲ့ဘူး
ရပ်တန့်သွားအောင်လည်း မကြိုးစားခဲ့ဘူး
လိုက်လေ လိုက်လေ ပြေးနေမို့လို့
မင်းရပ်နေချိန်မှာ ငါဆီလှည့်လာလိမ့်မယ်
သံယောဇဉ်ဆိုတာ အဖြူတစ်ခု
အရောင်တွေဆိုးကာ ရောင်းကုန်ထုတ်တော့
လုပ်စားမှုတစ်ခု အမြတ်ထုတ်တော့
အတွင်းကြေ ဒဏ်ရာတွေနှင့်. . .

ငိုချရမဲ့ ဘ၀ပွဲတွေကြား
မျက်ရည်မထွက်အောင်
ငါ့ရင်တွေ ဆို့နင့်နေအောင်
မျိုသိပ်ခဲ့တယ် မရှုံးသေးဘူး
အမေ. . . သား မရှုံးသေးဘူး
အမေ ပြောခဲ့သလို့
သား ခေါင်းမာနေတာလား
ဇွဲရှိနေတာလား အမေ. . .
ဟန်ဆောင်မှု အရုပ်တွေကြား
ငါ့စိတ်တွေ နေကောင်းအောင်
ငါ. . . ကြိုးစားခဲ့တယ်
အကောင်းဆုံးလုပ်ခဲ့တာပဲ . . .
စကားကို လူသုံးများနေလို့
ငါ. . . မသုံးမိအောင်
မေ့ပစ်လို့ရအောင်. . .
ကြိုးစားနေမယ်. . .

နရီထက်
( ၁၄ ၊ စက်တင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Sep 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment