Professional Authors

ငါနေကောင်းသွားပြီ ပန်းကလေးရေ (မောင်ချောနွယ်)

မြောက်ပြန်လေ တသွင်သွင်မှာ
သဇင်ရနံ့တွေ တသင်းသင်းနဲ့
ဟေမန္တရာသီဟာ ကမ္ဘာမြေကို ဆိုက်ကပ်လို့
ငါ အရုဏ်သောက်လို့ လွတ်မြောက်ခဲ့ပြီ
စစ်ပြေးဒုက္ခသည်လိုလည်း ထမင်းမစားနိုင်ပါ
ဓါးကိုဖွင့်ထားမည်
ခွေးခြေပုပုပေါ်မှာ ဘဝကို မတည်ဆောက်လိုပါ
သုတိသာယာသံနဲ့ နံနက်ခင်းငှက်ကလေးတွေ
ငါ့ကို ကြိုလင့်ပြီ
ရောင်နီသည် ရွှန်းလက်တောက်ပစွာဖြင့်
ငါ့ရဲ့ မေတ္တာပြည့်သောရင်အုံကို ခိုလှုံခဲ့ချေပြီ
ငါ့တန်ခိုး အနုပညာမှော်သစ်တို့ထံတွင်
ပျော်ရွှင်ကြည်နူးကြကုန်ပြီ
ငါ၏ အကြင်နာထံပါးတွင် ပန်းတို့ အစွမ်းကိုပွင့်ခဲ့ကြပြီ
ငန်းတို့ပျော်ရာ ရေကန်သာသည် ငါ့ထံတွင် တည်ချေပြီ။    ။

မောင်ချောနွယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment