Professional Authors

မြင့်မြတ်ပါ အမျိုးကောင်းသား

မသိစိတ်က လိုက်ကြည့်တတ်တဲ့
အောက်တန်းကျတဲ့ မျက်လုံးစိမ်းတွေ
နိမ့်လိုက်မြင့်လိုက် ယဉ်ပါးသိမ်မွေလှတဲ့
မိန်းကလေးတွေနောက် ကောက်ကောက်ပါအောင်
ငေးကြည့် သက်ပြင်းမောတွေခဏခဏချ
ဒါဟာ ယောက်ျားလား…….
နစ်မွန်းရင်းနဲ့လိုက်လို့မျော
ကိုယ့်ကိုကိုယ်ဘယ်အဆင့်ရောက်မှန်းတောင်
မသိလိုက်တဲ့အချိန်….
တဏှာရဲ့ စိတ်ရိုင်း မင်းအတ္တကို ခေါ်ဆောင်သွားခဲ့တာ
မင်းသိရောသိပါ့မလား….
ပုထုစဉ်ယောက်ျားသားတိုင်း ကိလေသာစိတ်
ယှက်နွယ်လို့ အသွေးအသားထဲစီးမျောနေတတ်မှန်း
အရာအားလုံးက သိထားတတ်ကြပေမဲ့…
မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကိလေသာသွေး
မနှောမိလေရအောင်
ယောက်ျားနဲ့မိန်းမကြား စည်းထားခဲ့ရင်ဖြင့်
မင်းစိတ်ဟာ တင့်တယ်
ဘ၀င်မှာ စံထားရလောက်တယ်လို့
မင်းကိုယ် မင်းပြန်သုံးသပ်ကြည့်စမ်းပါဟ….
တို့များယောက်ျားကောင်းတွေရဲ့နောက်
အမျိုးကောင်းသမီးတွေသွယ်တန်းကာ သီခဲ့ရင်လေဖြင့်
လူမှာအမျိုး ကာကွယ်ကာဖေးမ
နတ်သကြားတောင် အာမေဋိတ် ဆောင်လိမ့်မယ်
တို့များ နှမတွေ ရန်မခဖို့ရယ်…
မင်းတို့များ ညီစေရမယ်လို့
တွေးတိုင်းသာ ပီသစေမယ်
အမျိုးကောင်းသားတို့ရယ်…..

                        ဒဏ်ရာ(၂၄.၁၂.၂၀၁၃)4:39pm

In: ကဗျာ Posted By: Date: Dec 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment