Professional Authors

လူပျိုကြီး-၃

အမေကတော့ မှာတယ်
“သား….ယောက်ျားလေး ဆိုတာ
ကြာလေ ဈေးတက်လေပဲ”   တဲ့။

အတင်းမပြောချင်လို.
မိန်းကလေးဆိုတာ
ကြာလေဈေးကျလေလို. မပြောတော့ဘူး
သူတို.က
ကြာလေနွမ်းလေ ပန်းလေးတွေကိုး
တို.ကတော့
ထုလေမာလေ ငါးဖယ်မျိုးကိုး။   😛

မိန်းမ တစ်ယောက်ရဲ့တာဝန်က
မြန်နိုင်သမျှ မြန်အောင်ယောက်ျားယူဖို.
ယောက်ျားတစ်ယောက်ရဲ့တာဝန်က
ကြာနိုင်သမျှကြာအောင် မိန်းမမယူပဲနေဖို.။

ကိုယ့်တာဝန်ကိုယ် ကြေပွန်အောင်ထမ်းနေတာ
ကျဆုံးလေသော ယောက်ျားတွေက
ငါ့ကိုမနာလိုဖြစ်ကြပြီး
တာဝန်ယူစိတ် မရှိသော ယောက်ျားတွေက
ငါ့ကိုလူညံ့ကြီးလို.ပြောကြတယ်။

အမှန်စင်စစ်တော့
အပျိုလေးတွေအတွက်တော့ ငါဟာ
လက်တည့်စမ်းချင်စရာ ပစ်ကွင်းတစ်ခုဖြစ်ပြီး
အပျိုကြီးတွေအတွက်တော့ ငါဟာ
ရေနစ်သူအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေတယ်။

ဘာပဲပြောပြော
ဒီတိုက်ပွဲက ဆက်နွှဲနေရမှာပဲ
ရဲဘော်တို.
ငါ့နောက်မှာ တန်းစီကြ။        ။
(ဒီကဗျာရေးရတာ အရသာရှိလိုက်တာ။ ဟိဟိ)

In: ကဗျာ Posted By: Date: Sep 10, 2010
Comment #1

**အော်… ကဗျာဆရာက ဘယ်သူများမှတ်တယ်…
ငါ့နောက်ကပ်လျက်က… ကိုလူချောကိုး…:P**

commentinfo By: sorrower.kl at Sep 11, 2010
Comment #2

kwi,,kwi,,
rofl,,,
actually both men & women r same coz human beings,

commentinfo By: ei lay at Feb 2, 2012
Comment #3

အမှန်စင်စစ်တော့
အပျိုလေးတွေအတွက်တော့ ငါဟာ
လက်တည့်စမ်းချင်စရာ ပစ်ကွင်းတစ်ခုဖြစ်ပြီး
အပျိုကြီးတွေအတွက်တော့ ငါဟာ
ရေနစ်သူအတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်နေတယ်။

ကြိုက်ပ

commentinfo By: laynhyotshin at May 28, 2012
Comment #4

read again par

commentinfo By: ei lay at May 28, 2012
Comment #5

ကပ်စေးနဲရင် နဲတယ်ပြောပါ…သူများကိုရှာမကျွေးချင်တာ ကိုလူပျိုကြီး လို့ခေါ်လား၊ သူရဲဘောကြောင်ကြီး… ဈေးတက်မှာတော့မဟုတ်ဘူး….ရောဂါတက်မှာ..အမေ့ကိုပြောလိုက်

commentinfo By: baby soe at May 28, 2012
Comment #6

အရမ်းသဘောကျတယ်အစ်ကိုကြိးရာ..
ဖတ်ဖတ်ပြီးချင်း….ဒီကဗျာလေးကိုသိမ်းထားလိုက်တယ်….
ရတယ်ဟုတ်…

commentinfo By: မင်းထက် at Dec 11, 2012
Comment #7

both title & poem r so nice

commentinfo By: ei lay at Mar 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment