Professional Authors

“လွမ်းနေသူရဲ့. ……အတိတ်ကောက်ကြောင်း”

“လွမ်းနေသူရဲ့. ……အတိတ်ကောက်ကြောင်း”

လွမ်းလိုက်တာ အတိတ်ရယ်
အဆိပ်နေ့ရက်တို့ ဆိုပေမယ့်
ဝင်သက်ထွက်သက်တိုင်း……
သူ့အငွေ့အသက်တို့ သြဇာလွှမ်းမိုးလို့ထားတယ်….။

မခိုင်မာတဲ့ အမုန်းတွေနဲ့
ခဲရာခဲဆစ် ပြတ်သားလာခဲ့သမျှ
ပိုလျှံကျလာတဲ့ လိုအပ်ခြင်းတွေထဲ
သူ့ ရယ်သံလေးက စိတ်နှလုံးကို တိမ်းညွှတ်စေတုန်းပဲ…။

ဘယ်လောက်ဝေးဝေး သတိရခြင်းတွေနဲ့ ပြေးမလွတ်နိုင်ခဲ့
ကိုယ့် စေတသိတ် တစ်စုံလုံးက
ဖြစ်တည်ဖူးတဲ့ အိပ်မက်ဦးထဲမှာသာ
တစ်ချိန်လုံးနီးပါး….၀င့်ကြွား
ရှင်သန်ခြင်းတွေ ဖြစ်ပွားနေကြတယ်။

တမ်းတခြင်းတွေ ဖိတ်အံပေကျံလာတိုင်း
အတ္တတွေကို ပစ်ခွာချချင်မိပါရဲ့
ပြိုအက်ခဲ့တဲ့ ဒီရင်ဘက်ကြီးထဲ
စွဲလန်းခြင်းတွေ မျက်ရည်ဝေ့တက်
တိုက်ဆိုင်မှုရှိသမျှ လိုက်ကြေကွဲပေးနေရတဲ့ ဒီဘ၀မှာ…
သူ့ ဥပေက္ခာတွေနဲ့ ကိုယ်က မလူးသာ မလွန့်သာ…။

ပဋိပက္ခများစွာနဲ့….
သံသယတွေကို ခွန်အားဖြစ်စေခဲ့
ဟိုးတုန်းက မျှော်လင့်ခြင်းလေး….
သံယောဇဉ်လေးကို အင်တိုက် အားတိုက် ရှာဖွေနေတုန်းဆိုပေမယ့်……
အနတ္တပါပဲ
သစ္စာချိုးဖောက်နိုင်သူရဲ့ အားသာချက်ကြောင့်
ကိုယ်တို့ရဲ့ ရာသီခွင်လေး
နိမိတ်ဆိုးတွေ အပြီးသတ် ထန်ခဲ့တယ်……။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Dec 2, 2013
Comment #1

တိုက်ဆိုင်မှုရှိသမျှ လိုက်ကြေကွဲပေးနေရတဲ့ ဒီဘ၀မှာ…
သူ့ ဥပေက္ခာတွေနဲ့ ကိုယ်က မလူးသာ မလွန့်သာ…။
……………………………………………………………
နာကျင်ခြင်းတွေ…………………..
အားပေးသွားပါသည်။

commentinfo By: နွေ at Dec 5, 2013
Comment #2

သစ္စာချိုးဖောက်နိုင်သူရဲ့ အားသာချက်ကြောင့်
ကိုယ်တို့ရဲ့ ရာသီခွင်လေး
နိမိတ်ဆိုးတွေ အပြီးသတ် ထန်ခဲ့တယ်……။ ။ Super like.

commentinfo By: moezat at Dec 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment