Professional Authors

ပန်းတစ်ပွင့်ရဲ့ ဆန္ဒ

တကယ်ဆို ကိုယ်က
အစွမ်းကုန်ပွင့်လို့ 
အလှကိုလှစ်ပြချင်ပေမယ့်လို့ 
(အဲဒီ)အလှအပ က အန္တရာယ်ဖြစ်စေမှာ
ကိုယ်ကြောက်နေတယ်။

ဒါပေမယ့်လေ…..
အဖိုးတန်ပန်းအိုးကြီးထဲ
ရင်နာစွာနဲ့ 
ငွင့်ငွင့်စွားစွား
ပွင့်နေမယ့်အစား

ကိုယ့်မိခင်မြေကြီးထဲ
ခြေအစုံထိုးထည့်ပြီး
အငုံဘ၀နဲ့ သာ
ထာဝရ ကိုယ်နေပါတော့မယ်။

(ဒုတိယနှစ်ကတည်းက ရေးထားတဲ့ စာလေးပါ…၂၀၀၅ လောက်ကပေါ့)

In: ကဗျာ Posted By: Date: May 31, 2010
Comment #1

so touching

commentinfo By: ei lay at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment