အေသင်ရယ် ငါရယ် ကဗျာတွေရယ် (၂)
တမျိုးပဲ………..
ငါမြင်နေတာတွေအားလုံးက……..
ခပ်ဝါးဝါးနဲ့ Colour တွေ များနေသလိုပဲ….
မျက်ရည်တွေများ ကြားခံနေလို့လား…..
တမျိုးပဲ…..
ငါကြားနေတာတွေက…..
ခပ်ဝါးဝါးနဲ့ Rhythm တွေ လွဲနေသလိုပဲ…..
အမုန်းတွေများ ကြားခံနေလို့လား…..
တမျိုးပဲ…..
ငါထိတွေ့နေတာတွေက…..
ခပ်ပေါ့ပေါ့ပဲ နဲ့ Content တွေပျောက်နေသလိုပဲ…..
ဥပေက္ခာတွေများ ကြားခံသွားလို့လား…..
ခက်တာပဲ…..
အချိန်တွေ ပြောင်းတိုင်းသာ…..
ငါစိတ်တွေလိုက်ပြောင်းကြေးဆို…..
နင့်နာမည်က…..
ငါ့…..ဒီရင်ဘက်ကြီးထဲမှာ…..
အမှိုက်လေးတစ်စလောက်တောင် တန်ဖိုးရှိတော့မယ်လို့…..
ငါတော့မထင်မိဖူး…..
ခက်တာပဲ…..
မိုးသည်းတိုင်းသာ…..
မိုးအမြဲခိုနေရမယ်ဆိုရင်…..
နင်ဆိုတဲ့…..နင်က
ငါ့…..မျက်ဝန်းရှေ့မှာ…..
လိပ်ပြာလေးတစ်ကောင်လိုတောင်…..
အသက်ဝင်နေမယ်မထင်ဖူး…..
ရူးဖူးခဲ့ပါပြီ…..
 အချစ်ဆိုတာ…..
 အချို…..အခါး…..
 အချဉ်…..အစပ်…..
 ဘာနဲ့မှစပ်ဟက်လို့မရခဲ့ဖူး…..
 လေပြေလေးတွေ ပင့်တိုက်သွားပေမဲ့…..
 ငါ့ရင်ထဲမှာ…..ငါ့ဒီရင်ဘက်ကြီးထဲမှာ…..
 လေနုအေးလေးတောင် တက်သုတ်မရိုက်ခဲ့ပါဖူး…..
လရောင်စမ်းတဲ့…
သောကြာနေ့ရဲ့…..
စိတ်ကူးယဉ်ဆန်မှုတွေ ဆိုတာလဲ…..
ငါ့အတွက်တော့…..ငါ့ဆိုတဲ့ငါ့အတွက်တော့…..
စက္ကန့်ဝက်လောက်တောင် မကြာမြင့်ခဲ့ဖူး…..
နင်နဲ့အတူတူ ပျော်နေပါတယ်ဆိုတဲ့…..
အိမ်မက်လေးနဲ့…..
Romantic ဆန်ဆန် ငါ့ရူးသွပ်မှုလေးလဲ…..
ငါ့အတွက်တော့…..ငါ့ဆိုတဲ့ငါ့အတွက်တော့…..
မျက်မမြင်တစ်ယောက်ရဲ့…..ပန်းချီခံစားချက်လိုပဲ…..
အဓိပ္ပါယ်မဲ့ပြန်ပြီ…..
ငါလျှောက်နေခဲ့တယ်…..
ငါသွားနေခဲ့တယ်…..
နောင်တ နဲ့ ၀မ်းနည်းမှုတွေကြား…..
ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်နဲ့…..
Tone ပျောက်နေတဲ့ သံစဉ်ကိုပဲ…..
အဖော်ပြုနေရတယ်…..
အေသင်ရယ်…..
နင်ချကျွေးခဲ့တဲ့…..
ဥပေက္ခာတွေကြောင့်…..
မီးပျက်နေတဲ့ ဒီလမ်းမကြီးထက်မှာပဲ…..
ငါ….. ငါ…..
ကဗျာတွေ ပိုက်နေပါတော့မယ်…..
                                   အရမ်း ချစ်တယ် အေသင် ရယ်………………………………………
Comment #2
အရမ်းကြိုက်တယ်…အရမ်းလဲကောင်းတယ်…very good…ကိုကြီး
                        By: kaykay at Jun 25, 2012
                    Comment #3
ခက်တာပဲ…..
အချိန်တွေ ပြောင်းတိုင်းသာ…..
ငါစိတ်တွေလိုက်ပြောင်းကြေးဆို…..
နင့်နာမည်က…..
ငါ့…..ဒီရင်ဘက်ကြီးထဲမှာ…..
အမှိုက်လေးတစ်စလောက်တောင် တန်ဖိုးရှိတော့မယ်လို့…..
ငါတော့မထင်မိဖူး…..
ခက်တာပဲ…..
မိုးသည်းတိုင်းသာ…..
မိုးအမြဲခိုနေရမယ်ဆိုရင်…..
နင်ဆိုတဲ့…..နင်က
ငါ့…..မျက်ဝန်းရှေ့မှာ…..
လိပ်ပြာလေးတစ်ကောင်လိုတောင်…..
အသက်ဝင်နေမယ်မထင်ဖူး…..
အဲ့အပိုဒ်ကိုအကြိုက်ဆုံးပဲ….. အားပေးနေပါတယ် Meaningless ရေ…………
                        By: Shwe Yi at Jun 25, 2012
                    Comment #4
မကြိုက်တော့ဘူး…ကောင်းလဲမကောင်းတော့ဘူး…very bad ပဲ….
                        By: kaykay at Jun 25, 2012
                    Comment #5
ခက်တာပဲ…..
အချိန်တွေ ပြောင်းတိုင်းသာ…..
ငါစိတ်တွေလိုက်ပြောင်းကြေးဆို…..
နင့်နာမည်က…..
ငါ့…..ဒီရင်ဘက်ကြီးထဲမှာ…..
အမှိုက်လေးတစ်စလောက်တောင် တန်ဖိုးရှိတော့မယ်လို့…..
ငါတော့မထင်မိဖူး…..
အဲဒီအပိုဒ်လေးကို ပိုကြိုက်တယ်ဗျ
                        By: poem.poem28 at Jun 26, 2012
                    Comment #6
ခုလို့ ဝေဖန်ပေးတဲ့ သူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ……….
                        By: Meaningless at Jun 26, 2012
                    Comment #7
i like both title & poem.
                        By: ei lay at Jun 26, 2012
                    Comment #9
read & feel again
                        By: ei lay at Sep 27, 2012
Comment #1
so touching,,,
😛