Professional Authors

နံနက်သဘင်

နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ ဆုတ်တုံ့ခွါ၍
ရာဇာနေနီ၊ ရောင်လွှတ်ချီသော်
တီတာချိုနု ငှက်တွေစုလည်း
ညုတုံနွဲ့တုံ ၀ိုင်းတော်ချုံမှ
တီးဗုံပတ်သာ နှဲတံမြွှာသို့
ညံစာကြွေးရင့် တင့်လည်းတင့် ၍
ဝင်းဝင့်ပြိုးပြောင် ဤပညောင်လည်း
အရောင်ပြေးလျှပ် ငွေရည်ခပ်သော်
မိုးနတ်သူဇာ ဤအခါဝယ်
ဘုံသာဆောင်မှ ဆင်းလာကြွ ၍
သီကနေမည် ပါတကား။   ။

In: ကဗျာ,ဇော်ဂျီ Posted By: Date: Dec 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment