အဖြူရောင်လွမ်းဆွတ်မှု
ဖွေးဖွေးဆွတ်ဆွတ်
အဖြူရောင်အပိုင်းအစတွေကိုပဲလွှမ်းခြုံ
အဖြူထည်သက်သက်ကိုပဲငေးကြည့်
အဖြူရောင်လွလွတွေကိုတသသ
ငါ့ကိုယ်ငါပြန်မရတော့တဲ့အခါ
အဖြူထည်ဘဝတခုက ခပ် ဝေး ဝေး ဝေးးးးးး
အဖြူရောင်မျက်နှာကျက်တခု
အဖြူရောင်နံရံတခု
အဖြူရောင်လွင်ပြင်တခု
အဖြူရောင်တိမ်တိုက်တချို့
အဖြူရောင်နှင်းစက်တချို့
အဖြူရောင်ဂါဝန်တထည်
အဖြူရောင်လွမ်းဆွတ်မှုဖြူလျော်လျော်တွေ
အဖြူရောင်တွေနဲ့အတူအားလုံးကိုထုတ်သိမ်းထားလိုက်တော့…..
ပြီးရင်..
အခန်းတံခါးပိတ်လိုက်ပါ…။။။
အမရာ
Comment #3
အရောင်စွန်းလွယ်တာပါ……………..
 By: May Kha at Oct 14, 2010
                        By: May Kha at Oct 14, 2010
                    Comment #6
white party.
so nice
 By: ei lay at Jan 13, 2012
                        By: ei lay at Jan 13, 2012
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
အစ်မ)))))))))))))))))))))))
အဖြူရောင်အပိုင်းအစတွေကိုပဲလွှမ်းခြုံ
အဖြူထည်သက်သက်ကိုပဲငေးကြည့်
အဖြူရောင်လွလွတွေကိုတသသ
ငါ့ကိုယ်ငါပြန်မရတော့တဲ့အခါ
အဖြူထည်ဘဝတခုက ခပ် ဝေး ဝေး ဝေးးးးးး
သဘောကျတယ် အဲဒါလေး အစ်မ.. (: