Professional Authors

ဒြပ်မဲ့….

ဒြပ်မဲ့….

ဘယ်မှာလဲ…
အသွေးအသားက လှိုက်ခတ်ဆူဝေအောင်

တောင့်တထားတဲ့ မျှော်လင့်ချက်တွေ…..။
တကယ်တော့…..
တစ်ကိုယ်ရည် တစ်ကာယဘ၀မဟုတ်ပေမယ့်

အထီးကျန် ရက်စွဲများကို အမှောင်ချထားခဲ့….။

တရားကို သိပေမယ့်

အရာရာကို ကြောက်တဲ့စိတ်က

တရားရှိစေခဲ့တာ မတရားဖူး…..။

လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့

ယုံကြည်ချက်တွေ လျော့ရဲလာပေမယ်

သွေးရည်ရယ် မကျဲပါစေနဲ့…..။

 

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment