Professional Authors

ရှင်သန်နေဆဲ ကဗျာ

ရှင်သန်နေဆဲ ကဗျာ

အိပ်ရာဝင် ပုံပြင်တွေကိုပဲ ရေးသားနိုင်သလို..
ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖန်ဆင်းပေးနိုင်စေပြန်တယ်…..

လက်တွေ့ကို သွေဖယ်ဖို့ မကြိုးစားပေမယ့်

လက်ရှိရဲ့ အဝေးမှာလည်း နေစေနိုင်တယ်…..

သိပ်ကို ရိုးသားပါတယ်ဆိုပေမယ့်

ဟန်ဆောင်ခြင်းတွေကိုလည်း သိုဝှက်ထားပေးတယ်…..

နွေးထွေးမှု လား…. အေးဆေးမှုလား…..

အနီးမှာလား အဝေးမှာလား…..

လက်ထဲမှာ ရှိထားတာလား.

လက်ထဲကို ဖမ်းဆုပ်ချင်တာလား…..

မျှော်လင့်ချက်တွေအပေါ်မှာမှ
မျှော်လင့်ချက်တွေ ထားခိုင်းရက်တယ်….
25th-September-09

(ဂျွန်မိုးအိမ်)

In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment