Professional Authors

ပင်လယ်သေ ထဲက လှေ

စိတ်အစာကို သိပေမယ့်
ဝမ်းစာကို ကြည့်နေရတယ်။
ကျော တစ်ထောက်စာ နေရာနဲ့
မီးတောက်နေတဲ့ ၀မ်းတစ်ထွာရယ်
“နောက်” ရောက်မှာကို ကြောက်တဲ့စိတ်က
ဘ၀ တစ်လျှောက်လုံး
စိတ်ထွက်ပေါက်ကို ပျောက်စေခဲ့တာပါ။
မိုးခါးရေ (တစ်ချို့ တစ်ချို့ ကိုပဲ….)
တရှိုက်မက်မက် သောက်ရင်း
ဆန္ဒအားလုံး စနစ်တကျ ခေါက်သိမ်း
ဒါ………. ဘ၀ တဲ့လား
ခေါက်ရိုးကျိုး အတွေးထဲမှာ
ဝမ်းစာကို ကြည့်နေရပေမယ့်
စိတ်အစာက ရင်မှာ အမြဲ ရှိနေတယ်………..။

(ဟိုးအရင် တစ်ချိန်က ကျွန်တော် ရေးသမျှထဲမှာ ကိုယ့်ကိုယ်ကို ပြန် ပြန်ရှာတွေ့တဲ့ ကဗျာလေးပါ)


In: ကဗျာ Posted By: Date: Oct 15, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment