Professional Authors

အဖြေ

ဒိုင်ယာရီကမေးတယ်
သူ့ဘဝရဲ့ စာမျက်နှာတိုင်းက
ဘာကြောင့် မင်းနဲ့ပြည့်နှက်နေတာလဲတဲ့

အိပ်မက်ကမေးတယ်
မင်းရဲ့ပုံရိပ်တွေပျော်မြူးနေတာကိုပဲ
ဘာကြောင့်သူ ညတိုင်းမော်ဖူးနေရတာလဲတဲ့

စိတ်ကူးကမေးတယ်
တစ်စက္ကန့်မှာ ကုဋေတစ်သိန်း
ဖြစ်ပျက်နိုင်တဲ့သူက
ဘာကြောင့်မင်းရဲ့လွှမ်းမိုးမှုအောက်က
ရုန်းမထွက်နိုင်တာလဲတဲ့

နှလုံးသားကမေးတယ်
အသိစိတ်နဲ့တောင်
ထိန်းချုပ်လို့မရတဲ့သူ့ကို
မင်းက ဘာကြောင့်
မြန်စေနှေးစ ကစားနေနိုင်တာလဲတဲ့

ကိုယ် ဘာပြန်ဖြေရမလဲ

In: ကဗျာ Posted By: Date: Nov 21, 2013
Comment #1

‘………’ 😀

commentinfo By: ကြက်ခြေခတ် X at Nov 25, 2013
Comment #2

Good idea ! 🙂

commentinfo By: loafer at Nov 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment