အသက်ငင်ည
ညက နက်သထက် နက်လာတော့
အမှောင်ဟာ ခွေးတစ်ကောင်လို ရုတ်တရက် ထမာန်ဖီတယ်
တိတ်ဆိတ်ခြင်းတွေ ငါ့နားထဲ တ၀ုန်းဝုန်း ကျယ်လောင်လာခဲ့
အံတင်းတင်းကြိတ်စုံလုံးမှိတ်ထားတဲ့မျက်စိထဲ
အိပ်မပျော်နိုင်တဲ့အဖြစ်ဟာ အနိဋ္ဌာရုံတစ်ခုလို သွေးပျက်ဖွယ်
တချက်ချက်အော်ဟစ်ခြောက်လှန့်နေတဲ့စက္ကန့်တံအရွေ့က
တစ္ဆေတစ်ကောင်ရဲ့ထက်ရှတဲ့လက်သည်းရှည်တွေလား
ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြောက်နေမိတဲ့ညပေါ့
တ၀ီဝီနှောင့်ယှက်နေတဲ့ယင်တစ်ကောင်ကိုတောင်
လက်နက်ချလိုက်ရတဲ့ညပေါ့
တစ်ကိုယ်လုံး ဖျင်ချခံထားရသလို လှုပ်မရတဲ့အခါ
လှုပ်လို့ရတဲ့စိတ်က အတိတ်သေတွေကို အသက်ပြန်သွင်းတယ်
အနာဂတ်ကို မှော်သွင်းအသက်နှုတ်တယ်
ဒဏ်ရာရသားရဲတစ်ကောင်က သူ့ဒဏ်ရာသူ ပြန်ရန်မူသလိုမျိုး
ဇောချွေးတွေပေကျံစေးကပ်နေတဲ့ငါ့ခန္ဓာဟာ လိပ်ပြာလွင့်မတတ် ခြောက်ခြား
ကိုယ့်အသည်းနှလုံးကတောင် ကိုယ့်ကို ငြင်းပယ်နေခဲ့တဲ့ငါ့အဖြစ်
အသက်ဓာတ်က မီးညှိထားတဲ့စီးကရက်လို တငွေ့ငွေ့လှိုက်လောင်လာခဲ့ပြီ
ကိုသျှား
Comment #2
ကိုသျှား..အမယ်လေးးးးးးးးလေး
ကဗျာဖတ်ပြီး လန့်တောင်လန့်တယ်။
တစ်မျိုးဆန်းတာပေါ့..ငါ့အကိုရ
အားပေးသွားပါတယ်။
By: poem.poem28 at Dec 12, 2011
Comment #4
ကောင်းတယ်…ဆိုတဲ့စကားနဲ့ မလုံလောက်တော့ဘူး…ကိုသျှားရေ…..
အရမ်းကြိုက်တယ်…..။
By: terry at Dec 12, 2011
Comment #5
ကြိုက်တယ်…ကြိုက်တယ်…အဲလို ထက်ပိုတယ်…..ကိုသျှား..အားပေးနေတယ်
By: အသဲကွဲမိုး at Dec 13, 2011
Comment #6
ကျွန်တော်လည်း ဒီကဗျာထဲကလိုဘဲ အသက်ငင်ခဲ့ဖူးတယ် အမှန်အတိုင်းပြောရရင်တော့ ဒီ့ထက်ပိုပါတယ် သေဖို့အထိတောင်လုပ်ခဲ့တယ်ဆိုတော့ ဒီထက်တော့နည်းနည်းပိုမှာပေါ့မှာဗျာ ကယ်ဒါတွေမပြောသင့်ပါဘူး တောင်းပန်တယ်ဗျာ အစ်ကို့ကဗျာတွေအကုန်တော့မဖတ်ဖူးဘူး ဒါပေမယ့် ဖတ်သမျှတော့ အမှတ်ရစရာတွေဘဲဗျ ဖတ်ဖူးတဲ့ကဗျာထဲမှာတော့ သွေးအန်ဖတ်က အမိုက်ဆုံးဘဲ ။
By: X - ray at Dec 25, 2011




Comment #1
ကိုသျှားလက်မှာမှော်အစွမ်းရှိတယ်ထင်ပ…………အားပေးသွားတယ်နော်.